ဖားကန့်

စစ်ကောင်စီစစ်တပ်သားများက ဖားကန့်မြို့အဝင်လမ်းမှာ အမျိုးသား(၂) ဦးကို ပစ်သတ်

စစ်ကောင်စီစစ်တပ်သားများက ဖားကန့်မြို့အဝင်လမ်းမှာ အမျိုးသား(၂) ဦးကို ပစ်သတ်

RNA_ဖားကန့်၊ မတ်(၁၁)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်၊ မော်မောင်းလျှံ‌ကျေးရွာဘက်မှ ဖားကန့်မြို့သို့အဝင် လမ်းဘေးတစ်နေရာတွင် ယနေ့နံနက် (၃)နာရီခန့်က စစ်ကောင်စီတပ်သားများက အရပ်သား ပြည်သူ (၂) ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ "ကျနော်ကျောက်ရှာပြန်တဲ့အချိန် မနက်(၃)နာရီလောက်၊ စစ်ခွေးတွေက အေးမြသာယာအဝင်မှာ ကင်းချထားတာ၊ ကျနော့်ဆိုင်ကယ်ကိုလမ်းဘေးထိုးခိုင်းပြီး လူကတခြားဖမ်းထားတဲ့လူတွေနဲ့ စုထိုင်ခိုင်းထားတာ၊ အလောင်းသယ်ပြီးမှပဲ လမ်းသွားလမ်းလာဖမ်းထားတဲ့လူတွေ အကုန်ပြန်လွှတ်ပေးတာ၊ မနက်(၆)နာရီအထိပဲ"ဟု ပြည်သူတစ်ဦးက ပြောသည်။ (more…)
Read More
ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်နေမှု ‌ဒေသခံများ မကျေနပ်

ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်နေမှု ‌ဒေသခံများ မကျေနပ်

RNA_ဖားကန့်၊မတ် (၁၀)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အများသုံး ကျေးရွာပိုင်ရေကန်အတွင်း မျောစင်ထောင် ရွှေမျောတိုက်နေမှုကို ဒေသခံပြည်သူများက လက်မခံ မကျေနပ်ကြကြောင်း သိရသည်။ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်များနှင့်  ‌ရွှေမျောတိုက်နေသည့်လုပ်ငန်းအများစုက စစ်ကောင်စီနှင့် ဘာသာရေးနောက်များကြောင့် လုပ်ကိုင်နေသည့်အတွက် ပြည်သူများမှာ တရားဝင် မပြောရဲကြခြင်း ဖြစ်နေကြသည်။ (more…)
Read More
ပြည်သူ (၁၀၀) ကျော်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး

ပြည်သူ (၁၀၀) ကျော်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး

RNA_မတ်(၁)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာမှ ပြည်သူ(၁၀၀)ကျော်ခန့်ကို စစ်ကောင်စီတပ် စစ်ကြောင်းက ယနေ့ညနေ ၄ နာရီခွဲခန့်တွင် အကြောင်းမဲ့ဖမ်းဆီး‌သွားကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းများသည် ဖားကန့်မှော်ကျေးရွာများအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ကျေးရွာသားများအား အတင်းအဓမ္မဖမ်းဆီးခြင်းများဆောင်ရွက်လျက်ရှိနေသည်။ စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့က လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာနှင့် ဆောင်းချိန်ကျေးရွာမှ ပြည်သူ(၃၀)ခန့်အားလည်းကောင်း၊ ‌ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာမှ ပြည်သူ (၄၀)ခန့်အားလည်းကောင်း ဖမ်းဆီးစစ်ဆေးပြီး အချို့ကိုပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ဖမ်းဆီးထားဆဲဖြစ်သည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကလေး(၂) ယောက်မိခင်ထိမှန်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန် (မဆွပ်ယန်)ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ ကလေး(၂) ယောက်မိခင် ဒေါ်လခိဂျာအန့် ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ ဗျူဟာကုန်းနှင့် မဇွပ်ယန်ထောင်ရှိ စစ်ကောင်စီတပ်တို့မှ မကြာခဏ လက်နက်ကြီးများ ပစ်ခတ်ကြောင်း၊ KIA တပ်လှုပ်ရှာသည်အထင်နှင့် ရမ်းသန်းပစ်ခတ်မှုများရှိသလို တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး ပစ်ကူများလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။ (more…)
Read More
တရားမဝင်ခိုးတူးလုပ်ငန်းရှင်များက စစ်ရှောင်ရွှေ့ပြောင်း‌နေအိမ်များကို ဖယ်ရှားခိုင်း

တရားမဝင်ခိုးတူးလုပ်ငန်းရှင်များက စစ်ရှောင်ရွှေ့ပြောင်း‌နေအိမ်များကို ဖယ်ရှားခိုင်း

RNA_ဖားကန့်၊ဖေဖော်ဝါရီ (၂၁)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့်အတွက် စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင် ရွှေ့ပြောင်းလုပ်သားအများစုနေထိုင်သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရတနာနယ်မြေအတွင်းမှ နေအိမ်များကို တရားမဝင်ခိုးတူးနေသည့် လုပ်ငန်းရှင်များက ဖယ်ရှားခိုင်းနေကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာအနီးရှိ မြေလွတ်နေရာပေါ်မှာ နေထိုင်ကြသည့် အိုးအိမ်များပျက်စီးပြီး အသက်ဘေးမှလွတ်လာသည့် စစ်ကိုင်း တိုင်းအတွင်းမှ ဒုက္ခသည်စစ်ဘေးရှောင်ပြည်သူအများစုအပါအဝင် အိမ်ခြေ(၁၅၀)ခန့်ကို ကျောက်တွင်းခိုးတူး‌နေသည့်လုပ်ငန်းရှင်များက လုပ်ကွက်ကျင်းတူးရန်ဟုဆိုကာ အဓမ္မ ဖိအားပေး ဖယ်ရှားခိုင်းနေခြင်း ဖြစ်သည်။ (more…)
Read More
ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

RNA_ဖားကန့်၊ ဖေဖော်ဝါရီ ၁၇၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာ (၁) ကျေးရွာနှင့် ဆောင်းချိန်ကျေးရွာတို့မှ အပြစ်မဲ့ ပြည်သူ (၃၀)ခန့်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် လက်‌အောက်ခံများက အတင်း အဓမ္မကြိုးတုတ်ကာဖမ်းဆီးသွားခဲ့ပြီး ယနေ့ ‌(ဖေဖော်ဝါရီ ၁၇ ရက်)အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ "ဖမ်းသွားတဲ့ထဲ ရေမဆေးကျောက်ရှာပြန်တဲ့သူပါတယ်၊ လမ်းသွားလမ်းလာတွေပါတယ်၊ ဆောင်းချိန်ကဆို ရွှေရင်ကျော်ဆရာတစ်ယောက်ပါတယ်၊ ခုထိတော့ ပြန်မလွှတ်ပေးသေးဘူးဗျ"ဟု ဆောင်းချိန်ကျေးရွာနေသူတစ်ဦးက ပြောသည်။ (more…)
Read More
ဖားကန့် ကျောက်မျက်လုပ်ကွက် စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံး(၅) ဦးဒဏ်ရာရ

ဖားကန့် ကျောက်မျက်လုပ်ကွက် စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံး(၅) ဦးဒဏ်ရာရ

RNA_ဖားကန့်၊ဖေဖော်ဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်ထက် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းအား စက်ယန္တရားအင်အားအလွန်အကျွံအသုံးပြု တူးဖော်နေကြသည့် ဖားကန့်‌၌ ယမန်နေ့ ( ဖေဖော်ဝါရီ (၁၂) ရက်) ည ၁၀ နာရီ ၃၀ မိနစ်ခန့်က စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအနီးရှိ ယခင် အဲဗားဝင်းနားကုမ္ပဏီနေရာ၌ ကျောက်မျက်တူးဖော်စွန့်ပစ်သည့် မြေစာပုံပြိုကျပြီး ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ စွန့်ပစ်မြေစာပုံပျက်ကျ (ပြို့ကျ)သည့် ဖြစ်စဉ်တွင် (၁) နာရီကျော်ခန့် မြေစာများဖုံးအုပ်ပိမိနေခဲ့ရာမှ အသက်ရှင်လျက်ပြန်လည်ကယ်ထုတ်နိုင်ခဲ့သူတစ်ဦးရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
ကျောက်စိမ်းခိုးတူးနေသည့် ဖားကန့်ရတနာနယ်မြေ ညပိုင်းမြင်ကွင်း

ကျောက်စိမ်းခိုးတူးနေသည့် ဖားကန့်ရတနာနယ်မြေ ညပိုင်းမြင်ကွင်း

RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ ကျောက်စိမ်းတွင်းများကို ညပိုင်း စက်ယန္တရားပေါင်းမြောက်များစွာဖြင့် ခိုးတူးနေကြသည့် မြင်ကွင်း သတင်းကို ဖော်ပြလိုက်သည်။ Red News Agency
Read More
ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

ဥပဒေ စိုးမိုးမှုမရှိတော့တဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်း အခြေအနေ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ဖားကန့်ကျောက်စိမ်းတွင်းတွေကိုဘယ်သူတွေစိုးမိုးနေလဲ၊ဘာ့ကြောင့်တိုက်ပွဲတွေမဖြစ်သလဲ၊ကျောက်စိမ်းတွေကိုဘယ်သူတွေတူးနေကြသလဲဆိုတဲ့အခြေအနေအရပ်ရပ်ကို တင်ပြလိုက်ပါသည်။ Red News Agency
Read More
စစ်အာရှင်ဆန့်ကျင်ရေး ဖားကန့်ပြည်သူများ ပြုလုပ်

စစ်အာရှင်ဆန့်ကျင်ရေး ဖားကန့်ပြည်သူများ ပြုလုပ်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့ ပြည်သူများသည် စစ်တပ်အာဏာသိမ်းမှု (၂) နှစ်ပြည့် ယနေ့တွင် " အပြင်မထွက်၊ ငြိမ်သက်တိတ်ဆိတ်ခြင်း (Silent Strike)" သပိတ်တွင် ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။   မင်းအောင်လှိုင်ဦးဆောင်သည့် အဖွဲ့ အာဏာသိမ်းမှု (၂) နှစ်ပြည့် (ယနေ့) တွင် ပြည်သူများသည် စစ်အာဏာရှင်ကို လက်မခံကြောင်း၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း သိစေရန် စစ်အာဏာရှင်ဆန့်ကျင်ရေး Silent Strike သပိတ်တွင် ပူးပေါင်းပါဝင်ကြသည်။   #RedNewsAgency
Read More