တရုတ်ကျောက်သူဌေး ဦးအားတီနေအိမ် ဓါးပြတိုက်ခံရပြီး ရွှေချောင်း၊ ကျောက်ရိုင်းတုံးနှင့်ကားများပါသွား

RNA_ဖားကန့် မေလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရှမ်းကုန်းဈေးအနီးရှိ တရုတ်ကျောက်သူဌေး ဦးအားတီ၏နေအိမ်ကို မေလ ၂၈ ရက်နေ့ညပိုင်းက ဓားပြ (၆) ယောက်အဖွဲ့မှ ခြိမ်းခြောက်တိုက်ခိုက်ပြီး ရွှေချောင်းများ၊ ကျောက်ရိုင်းတုံးများနှင့် မော်ဒမြင့်ကားနှစ်စီးပါ ယူသွားကြောင်း သိရသည်။
 
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖားကန့်မြို့မှ ရွှေဆိုင် ဓါးပြတိုက်ခံရမှု၊ လုံးခင်းကျေးရွာမှ ဖုန်းဆိုင်တစ်ခုအတွင်း AK 47 ဟုယူဆရသည့် သေနတ်ကိုင်ဆောင်ကာ ဓါးပြတိုက်မှု၊ ဆိပ်မူကျေးရွာ နှီးဘုရားကုန်းအနီး ဓါပြတိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဆိပ်မူကျေးရွာ နှီးဘုရားကုန်းအနီး ဓါးပြမှုမှ ပါဝင်သူများကို ဖားကန့် KPDF မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
 
#RedNewsAgency
By Editor