21
Apr
RNA_ဖားကန့်၊ ဧပြီ(၂၁) ရက်။ ၂၀၂၃ ခုနှစ်။ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ စစ်သား(၅၀)ကျော်ခန့်သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာနေ ပြည်သူ(၆၀)ဦးခန့်အား အတင်းအဓမ္မဖမ်းဆီးပြီး "NUG အလိုမရှိ"ဟု အော်ခိုင်းကြောင်း သိရသည်။ "စစ်သားတွေက မှော်ပုံလမ်းသွယ်(၁၀)ထိပ်မှာ "NUG အလိုမရှိ"လို့ အော်ခိုင်းပြီး ဓါတ်ပုံ ဗွီဒီယိုတွေရိုက်ကြတာ၊ ပြီးတော့ အိမ်တစ်အိမ်ကို မီးရှို့ကြတယ်၊ အဆောင်တစ်ခုကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်ကြတယ်"ဟု အဆိုပါကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။ (more…)