Category: ရုပ်သံ
-

ဗိုလ်စံသျှားပြောသည့် ရန်သူအင်အားကောင်းနယ်မြေက စစ်ရေးလှုပ်ရှားမှု
RNA_မတ်(၈)၊၂၀၂၃ ခုနှစ်။မကွေးမြို့နှင့်နီးစပ်နေသည့် ရန်သူအင်အားကောင်းသည့် ရေနံချောင်းမြို့နယ်နှင့် မကွေးခရိုင်အတွင်းစစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည့် မကွေးခရိုင် အမှတ် (၂) တပ်ရင်း ( People’s Defence Force -Yenangyaung ) တာဝန်ခံ ဗိုလ်စံသျှားက စစ်ရေးအခြေအနေများနှင့် လက်တလောရင်ဆိုင်ကြုံတွေ့နေရသည့်အခြေအနေများကို ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=mwwKzu8sxvU[/embedyt]#RedNewsAgency -

ကော့ကရိတ် ကမိုင်ကုန်း စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်
RNA_မတ် (၃)၊၂၀၂၃ ခုနှစ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကမိုင်ကုန်းတွင်တပ်စခန်းချထားသည့် စစ်ကောင်စီတပ်ကို အဖိုးဘီဂျီ ဦးဆောင်သည့် ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့တို့မှ ယမန်နေ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” ကျွန်နော်တို့ မနေ့က ကမိုင်ကုန်း စခန်းကို သွားတိုက်တာ အကျအဆုံးက မသိရသေးဘူး၊ ညဘက်ကြတော့ စကစက လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ရမ်းသမ်းပစ်တယ်” ဟု ကျားဖြူစစ်ကြောင်းမှ တိုက်ပွဲတွင်ပါဝင်ခဲ့သူ ရဲဘော်သစ်နောင်နောင်က ပြောသည်။
[embedyt] https://www.youtube.com/watch?v=JIzVeEhhqWU[/embedyt]
ကျားဖြူစစ်ကြောင်းမှ စစ်ကောင်စီတပ် ကော့ကရိတ် ကမိုင်ကုန်းစခန်းအား (၄၅) မိနစ်ဝန်းကျင်တိုက်ခိုက်နေစဉ်အတွင်း မဟာမိတ်တပ်ဖွဲ့တခုဖြစ်သည့် Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးဦးဆောင်သည့်ရဲဘော်များမှ စစ်ကူရောက်ရှိလာပြီး ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
#RedNewsAgency
-

ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန
RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ ခုနှစ်။
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ နယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် နဂါးနီစစ်ကြောင်းမှ ရဲဘော် စိုးမိုးကျော်(ခ) ဒိုကြီး ဈာပနကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း Red Dragon Column – နဂါးနီစစ်ကြောင်း မှ ထုတ်ပြန်ထားသည်။
[embedyt] https://www.youtube.com/watch?v=hWlidL2TYik[/embedyt]
ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၁) ဦးခန့်ကျဆုံးပြီး နဂါးနီစစ်ကြောင်းမှ ရဲဘော် ဒိုကြီီးကျဆုံးခဲ့ရခြင်းဖြစ်သည်။
Red News Agency
-

စစ်ကောင်စီတပ်မှ (၁၃) ဦးကျဆုံးခဲ့သည့် တိုက်ပွဲ ရုပ်သံ
RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ခုနှစ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသ၊ ထားဝယ်–ထီးခီး လမ်းမပေါ်ရှိ ဗဲ့မဲ့တပ်တောင်အနီး၊ ကွာလီတောင်ကြောနှင့် သင်္ကန်းတုံးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၃) ဦးခန့် သေဆုံးခဲ့သည်။
ဥဩစစ်ကြောင်းနှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ (၁၇) ရက်နေ့က စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့ရာ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သား (၁၀) ဦးသေဆုံးပြီး၊ နေ့လည်ပိုင်းတိုက်ပွဲတွင် (၃) ဦးသေဆုံးခဲ့ကြောင်း၊ယင်းတိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကျဆုံးခဲ့ကြောင်းဥဩစစ်ကြောင်းကထုတ်ပြန်ထားသည်။
[embedyt] https://www.youtube.com/watch?v=U3mxzJyA8Xg[/embedyt]
စစ်ကောင်စီတပ်သားများ အသေအဆုံးများခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ထားဝယ်–ထီးခီးလမ်းမကြီးနေရာတိုက်ပွဲမှတ်တမ်းရုပ်သံကိုယနေ့မှာဥဩစစ်ကြောင်းထားဝယ်မြို့နယ်မှထုတ်ပြန်ထားသည်။
Red News Agency
-

ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး
RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့ နံနက် (၆) နာရီမှ (၈) နာရီထိ (၂) ရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်(၁) ဦး ကျဆုံးခဲ့သည်။
” တိုက်ပွဲအတွင်း ရဲစခန်းနှင့် စစ်ကောင်စီတပ်များဘက်မှရန်သူ့အင်အား (၁၁)ဦး ကျဆုံးကြောင်းသိရှိရပြီး မိမိတို့ဘက်မှ ရဲဘော်တစ်ဦး နိုင်ငံ့အတွက် အသက်ပေးလှူသွားခဲ့ကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရ သိရှိရပါသည်” ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။
[embedyt] https://www.youtube.com/watch?v=DKs9Pk33MFs[/embedyt]
-

ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို
RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုမှ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများကို တိုက်ခိုက်ပြီးအပြန် PDF ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=XihG37YvjpQ[/embedyt]
PDF မဟာမိတ်တပ်ဖွဲ့ (၃၄)ဖွဲ့မှ ရဲဘော်များလက်နက်ကြီး၊ လပ်နက်ငယ်များဖြင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ပျူစောထီးများကို တိုက်ခိုက်ရာ စီးနင်းမှု အောင်မြင်ခါနီးအချိန် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများရောက်ရှိလာသည့်အတွက် ဆုတ်ခွါခဲ့ရကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ( ၆) ဦးသေဆုံးပြီး၊ PDF များဘက်မှ ရဲဘော် (၂) ဦးဒဏ်ရာရရှိကြောင်း မှ Myaing Underground Defence Force-MUGDF ထုတ်ပြန်ထားသည်။
#RedNewsAgency
-

စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်
ပခုက္ကူ၊မြိုင်၊ပေါက်မြို့နယ် တကျောတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေRNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် နေ့စဉ်နီးပါး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=-EjrML1PM54[/embedyt]ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ကျေးရွာ၊ မြိုင်မြို့ အရှေ့ဘက်နှင့် မြောက်ဘက် ဂိတ်၊ ပေါက်မြို့ပေါ် အိမ်တွင်းမှုကျောင်းမှ ယာကြီးပင်ပျူရွာသို့ စစ်ကူလာသော စစ်ကောင်စီတပ်တို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု မြိုင် ပကဖမှ သတင်းထုတ်ပြန်ထားသည်။#RedNewsAgency -

မြို့ပြပြောက်ကြားအထူးစစ်ဆင်ရေးနှင့်ချေမှုန်းရေး နည်းဗျူဟာသင်တန်းဆင်းပွဲ
RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။
တောင်ပိုင်းတိုင်းစစ်ဒေသ တနေရာတွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်ဟောင်း သင်တန်းမှူးနှင့် KNU တပ်မဟာ (၆) သင်တန်းဆရာများ သင်ကြားပေးသည့် မြို့ပြပျောက်ကြား အထူးစစ်ဆင်ရေးနှင့် ချေမှုန်းရေး နည်းဗျူဟာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကအောင်မြင်စွာပြီးစီးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ (၁) မှ ယနေ့ ထုတ်ပြန်ထားသည်။
[embedyt] https://www.youtube.com/watch?v=blQVKXAlv7c[/embedyt]
#RedNewsAgency
-

ရွာပြင်ထွက်လာသည့် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများ မိုင်းခွဲပစ်ခတ်ခံရ
RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာနှင့်ကံဆည်းရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများ ရွာပြင်ထွက်လာစဉ် မိုင်းခွဲ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။
အမြင့်ကျေးရွာနှင့် တောကျောင်းလေးကျေးရွာဘက် လယ်ကွင်းများအတွင်း စပါးရိတ်သိမ်းနေသည့် ပြည်သူများကို နှောက်ယှက်ဖျက်ဆီးရန်ထွက်လာကြသည့် ကင်းမွန်ထော်ရွာနှင့်ကံဆည်းရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သား အင်အား (၃၀) ခန့်သည် ဖော်ဝါရီလ (၁၈) ရက်နံနက် (၉) ဝန်းကျင်က မုံရွာခရိုင်တပ်ရင်း -၁၇ ( We Must Win -ပြောက်ကျားတပ်)နှင့် MG6 ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
