မအူရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးမြင့်ကျော်အပါအဝင် (၇)ဦးသေ၊ Anti Drone Gun (၁) လက်နှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိ

RNA_ဧပြီ(၄)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်တပ်ပေါင်းစုအဖွဲ့တို့က ယမန့်နေ့ နံနက် (၅) နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ကြရာ စခန်းမှူး မြင့်ကျော်အပါအဝင် (၇) ဦးသေဆုံးကာ၊ G-3 ၁ လက် ၊ Anti Drone Gun ၁ လက်၊ ဗုံးသီး ၁၀ လုံးနှင့် စခန်းမှူးတံဆိပ်တုန်းအပါအဝင် စာရွက်စာတမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ မြိုင် ပကဖကထုတ်ပြန်ထားသည်။

ဧပြီလ (၃) ရက်နေ့ နံနက် (၅) နာရီဝန်းကျင်မှစတင်ကာ တိုက်ခိုက်ခဲ့သည့် မအူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းချိန် နံနက် (၈) နာရီဝန်းကျင်တွင် စခန်းအားဝင်ရောက်စီးနင်း မီးရှို့ရှာဖေချိန် စစ်ကောင်စီတပ် လေကြောင်းမှ Mi 35 ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မအူရဲစခန်း စီးနင်းသည့် စစ်ဆင်ရေးကို မြိုင် ပ.ကဖ တပ်ရင်း ( ၂)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi Special Tesk Force (SSTF)၊ Myanmar Royal Dragon Army(MRDA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor