Category: ရုပ်သံ
-

စစ်ကောင်စီတပ်အတွင်း တိုက်ခိုက်ရေးကောင်းသည့် စစ်သားများမရှိတော့
RNA_ဇွန်(၁၇)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စစ်ကြောင်းများတွင် တိုက်ခိုက်ရေးကောင်သည့် စစ်သားများ ပါမလာတော့ဟု မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဂျိုကာမှပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=ps9-j_Mj6sA[/embedyt]Red News Agency -

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ
အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲခေတ်ငြိမ်းအေး“စစ်ကြောင်းက အရှေ့ကလာရင် အနောက်ကိုပြေးပြီး အနောက်ကလာရင် အရှေ့ကိုပြေးကြရတာပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို ကိုယ်တိုင်ခံစားနေကြရတာမို့ ဆင်းရဲငတ်မွတ်နေကြသော်လည်း စစ်ဘေးရှောင်တွေကိုတော့ ဧည့်ဝတ်ကျေနိုင်အောင် ရှိထမင်း ရှိဟင်းနဲ့ ကြိုးစားဧည့်ခံနေကြတဲ့ အညာက စေတနာတွေကို မျက်လုံးနဲ့မြင်ရ၊ နှလုံးသားနဲ့ ခံစားသိရှိရပါတယ်။ ဒါ့ကြောင့်လဲ အညာက အညာဖြစ်နေတာပေါ့”[embedyt] https://www.youtube.com/watch?v=QMzY9l1je5Y[/embedyt]#RedNewsAgency -

စစ်ရှုံးလေလေ ပြည်သူတွေအပေါ် ပိုရက်စက်ပြလေလေ လုပ်နေသော စစ်ကောင်စီ
“အခုအခြေအနေဟာ ပြည်သူတရပ်လုံး တော်လှန်ရေးဘက်မှာ ရှိနေတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီအတွက်တော့ နေ့တိုင်း ကျဆုံးနေရပြီး တော်လှန်ရေးအင်အားစုတွေက နေ့တိုင်းနီးပါး အနိုင်ရနေတာပါ။ စစ်ကောင်စီအကြမ်းဖက်လုပ်ရပ်တွေကလည်း တော်လှန်ရေးအောင်မြင်မှုနဲ့အတူ မကြာခင်နိဂုံးချုပ်သွားတော့မှာ ဖြစ်ပါတယ်”
[embedyt] https://www.youtube.com/watch?v=ItbjRKuHJbE[/embedyt]
#RNA #RedNewsAgency
-

NLD နာယက ဦးတင်ဦး ဈာပန မြင်ကွင်း
RNA_ဇွန်(၅)၊၂၀၂၄ ခုနှစ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ နာယက၊ ကာကွယ်ရေးဦးစီးချုပ် (ဟောင်း) သူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို ရေဝေးသုသာန်မှာ ယနေ့ (ဇွန်လ ၅ ရက်) ပြုလုပ်ခဲ့သည်။[embedyt] https://www.youtube.com/watch?v=PCN6QI5Jj_U[/embedyt]Red News Agency -

တိုက်ပွဲကြီးအဆင့် တိုက်နိုင်သည့်အင်အားမျိုး ပြင်ဆင်နိုင်ခဲ့ပြီဟု ကိုသက်ကြီးပြော
RNA_မေ(၂၃)၊၂၀၂၄ ခုနှစ်။
မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း- Zero ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ယခုအချိန်တွင် တိုက်ပွဲ ၁၅ ကြိမ်လောက်ထိ ဆက်တိုက် တိုက်ခိုက်နိုင်သည့်အနေအထားဖြစ်နေပြီး တိုက်ပွဲကြီးများအဆင့်ထိ ပြင်ဆင်နိုင်ခဲ့ပြီဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက Red News Agency ကို ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=b6TdRRCy4oU[/embedyt]
Zero ပြောက်ကျားတပ်ဖွဲ့ ပျောက်နေသည်မှာ ၅ လဝန်းကျင်ကြာမြင့်ပြီဟု ပြောဆိုနေကြသော်လည်း အမှန်တကယ်တွင် တိုက်ပွဲများအတွက် လျှို့ဝှက်စွာ ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ အချိန်ယူခဲ့သည့် ၅ လအတွင်း အပြောင်းအလဲအများကြီဖြစ်ခဲ့ပြီး အားကောင်းအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်ဟု စသဖြင့် ကိုသက်ကြီးက ပြောကြားထားသည်။
#RedNewsAgency
-

စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မှာဆန္ဒပြ
RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။
စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် လူထု၏ အထွေထွေကြပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံရမှုများကြောင့် ယနေ့ ကဆုန်လပြည့်နေ့ ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
“လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အောင်မြင် စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်” ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရဲဘော်တဦးက ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=mo9DHVEqIvQ[/embedyt]
-

ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်
RNA_မေ(၂၁)၊၂၀၂၄ ခုနှစ်။စစ်ကိုင်းတိုင်း၊ NUG – MOD ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် – Black Leopard Army ရဲဘော် (၃၀) ဦးသည် အထူးတိုက်ခိုက်ရေး သင်တန်းဆင်းလာပြီးနောက် မေလ ၁၈ ရက်နေ့က စခန်းသွင်းပြန်လေ့ကျင်မှုများ ပြုလုပ််ပြီး ထူးချွန်သူများကို ဆုချီးမြှင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာထံမှ သိရသည်။[embedyt] https://www.youtube.com/watch?v=jY1mKK04no8[/embedyt]စစ်ကိုင်းတိုင်းအခြေစိုက် ကျားသစ်နက်တပ်မတော် – Black Leopard Army ရဲဘော် (၃၀) ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ၊ လေ့ကျင့်ရေးဌာမှ ဦးစီးသင်ကြားပေးသည့် အထူးတိုက်ခိုက်ရေး သင်တန်းကို တက်ရောက်ခဲ့သူများဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး၍ ပြန်ရောက်လာစဉ် စခန်းသွင်းပြီး ပြန်လေ့ကျင်ခဲ့ကြခြင်း ဖြစ်သည်။#RedNewsAgency -

ဗကသသည် ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် အဖွဲ့အစည်းဖြစ်သည်
RNA_မေ(၈)၊၂၀၂၄ ခုနှစ်။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ( ဗကသ) သည် ပြည်သူလုထူဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် ရှည်လျားသည့် သမိုင်းကြောင်းရှိသည့် အဖွဲ့အစည်းတခုဖြစ်ကြောင်း ယနေ့ ကျရောက်သည့် ဗကသများအဖွဲ့ချုပ် တည်ထောင်ခြင်း (၈၈) နှစ်ပြည့်အခမ်းအနားသို့ ဗကသ ဥက္ကဋ္ဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ ကိုကျော်ကိုကို ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=LmSnk6iuKv8[/embedyt]၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ် လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီးနောက် အမျိုးသားကျောင်းများပေါ်ထွန်းပြီးနောက် ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ဥက္ကဋ္ဌ ကိုနုနှင့် အတွင်းရေးမှူး ကိုအောင်ဆန်း (အိုးဝေ-အယ်ဒီတာ) တို့အား ကျောင်းထုတ်ခံရမှုကို ကန့်ကွက်သော ဒုတိယကျောင်းသပိတ်ဖြစ်ပေါ်ခဲ့သည့် ထိုနှစ် ၁၉၃၆ ခုနှစ် မေလ (၈) ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံကျင်းပပြီး ထိုညီလာခံဆုံးဖြတ်ချက်အရ ဗမာနိုင်ငံလုံးဆိုရင် ကျောင်းသားများသမဂ္ဂ ( ဗကသ) – All Burma Students Union- ABSU ကိုု စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ( All Burma Federation of Student Union – ABFSU) အဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။
#RedNewsAgency

