06                                    
                                    
                                        Jul 
                                    
                                
                            
                        
                        
                    
                        RNA_ဇူလိုင်(၆)၊၂၀၂၄ ခုနှစ်။   လားရှိုးမြို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေသည့်အတွက် မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် မြို့ခံအများအပြား ယနေ့ နံနက်ပိုင်းအထိ စွန့်ခွါပြီး စစ်ဘေးရှောင်သူများရှိနေကြောင်း သိရသည်။   "ဒီနေ့တော့ ဆီဆိုင်တွေပါ ပိတ်ကုန်ပြီ။ မြို့ခံတွေထွက်တာကတော့ မနေ့ကလည်းထွက်တယ် ဒီနေ့လည်း ကားတန်းအရှည်ကြီးပဲ ထွက်နေကြတာ အလံဖြူထောင်ထားတဲ့ ကားတွေလည်းရှိတယ်။ မြို့ထဲမှာလည်း ပုံမှန်နေကြသူတွေရှိတယ်။ စျေးတချို့လည်း ပုံမှန်ဖွင့်တယ်။ လက်နက် ကြီးသံနဲ့ လက်နက်ငယ်သံတွေကတော့ ကြားနေရတာ အဆက်မပြတ်ပစ်နေကြတာ" ဟု လားရှိုးမြို့ခံ တဦးက Red News Agency ကိုပြောကြားထားသည်။ (more…)                    
                                            
                                    
 
                             
                             
                             
                             
                             
                             
                             
                             
                            