International

ထိုင်းအစိုးရအနေဖြင့် မြန်မာ့ပြဿနာအရင်းခံကို ကိုင်တွယ်ဖြေရှင်းရန် သတ္တိမရှိကြောင်း ထိုင်းအမတ်ဟောင်း ပြော

ထိုင်းအစိုးရအနေဖြင့် မြန်မာ့ပြဿနာအရင်းခံကို ကိုင်တွယ်ဖြေရှင်းရန် သတ္တိမရှိကြောင်း ထိုင်းအမတ်ဟောင်း ပြော

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော်၏ နေပြည်တော်ခရီးစဉ်သည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ပြဿနာအရင်းခံကို ကိုင်တွယ်ဖြေရှင်းရန်ထက် အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးကို ထိန်းသိမ်းလိုခြင်းသာဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်ဟောင်း Kannavee Suebsang က ၎င်း၏ လူမှုကွန်ရက်၌ ဝေဖန်ရေးသားထားသည်။ နိုဝင်ဘာ (၁၂) ရက်က နေပြည်တော်ကို ရောက်ရှိနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး တင်းမောင်ဆွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) ဥက္ကဋ္ဌ ၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (more…)
Read More
မြန်မာ့လူ့အခွင့်အရေးနှင့် ရိုဟင်ဂျာအရေး လေ့လာရန် ကုလအထူးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ် ရောက်ရှိနေ

မြန်မာ့လူ့အခွင့်အရေးနှင့် ရိုဟင်ဂျာအရေး လေ့လာရန် ကုလအထူးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ် ရောက်ရှိနေ

RNA_နိုဝင်ဘာ(၁၂)၊၂၀၂၆ခုနှစ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကယ်လီအန်းအက်ကယ်ကာရီယာ (Kelly E. Currie) သည် ဆိုးရွားနေသည့် မြန်မာ့လူ့အခွင့်အရေးအခြေအနေများကို လေ့လာသုံးသပ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာ (၁၁) ရက်မှ (၁၈) ရက်နေ့အထိ (၈) ရက်ကြာ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် ကယ်လီအန်းသည် မြန်မာ့ပဋိပက္ခကြောင့် ရိုဟင်ဂျာများအပေါ် သက်ရောက်မှုအခြေအနေများကိုလည်း လေ့လာသွားမည်ဟု ဆိုသည်။ (more…)
Read More
အာဆီယံထိပ်သီးအစည်းအဝေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရ

အာဆီယံထိပ်သီးအစည်းအဝေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရ

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်မည့် နိုင်ငံများစာရင်းကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာ ၁၁ ရက်) တွင် ထုတ်ပြန်လာသည်။ နိုဝင်ဘာ (၁၅) ရက်မှ (၁၇) ရက်နေ့အထိ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ သက်ဆိုင်ရာနိုင်ငံများမှ ခေါင်းဆောင်များမှ တက်ရောက်ကြမည်ဖြစ်သော်လည်း မြန်မာနိုင်ငံမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဘဲ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူကိုသာ တက်ရောက်ခွင့်ပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (more…)
Read More
အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော် လာမည်

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော် လာမည်

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၆ခုနှစ်။ ထိုင်း-မြန်မာနယ်စပ်လုံခြုံရေး၊ ရေထုညစ်ညမ်းမှု၊ ကုန်သွယ်ရေးနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရန်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော်သည် နိုဝင်ဘာ (၁၂) ရက်တွင် နေပြည်တော်သို့ လာရောက်မည်ဖြစ်ကြောင်း The Nation သတင်းဌာနက ဖော်ပြထားသည်။ ပြီးခဲ့သည့် မေလအတွင်းက ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သိရှိလိုကြောင်း ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။ (more…)
Read More
မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအစိုးရက အလုပ်လုပ်ခွင့် (၂) နှစ် သက်တမ်း တိုးပေးမည်

မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအစိုးရက အလုပ်လုပ်ခွင့် (၂) နှစ် သက်တမ်း တိုးပေးမည်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။ အလုပ်သမားပြတ်လပ်မှုကို လျှော့ချနိုင်ရန်အတွက် လာမည့် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အလုပ်လုပ်ခွင့်သက်တမ်းပြည့်မည့် ရွှေ့ပြောင်းအလုပ်သမားများကို (၂) နှစ်သက်တမ်း တိုးပေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ခွင့် စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများအား လာမည့် ၂၀၂၉ ခုနှစ် ဖေဖော်ဝါရီလအထိ အလုပ်လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် သက်တမ်းတိုးလုပ်ငန်းစဉ်အတွက် ရက်ပေါင်း (၃၀) ကြာ စောင့်ဆိုင်းရန်လိုမည်မဟုတ်ကြောင်း သိရသည်။ (more…)
Read More
အမေရိကန်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် မြေရှားသတ္တုဖြင့် စစ်အုပ်စုက ဆွဲဆောင်စည်ရုံးနေ

အမေရိကန်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် မြေရှားသတ္တုဖြင့် စစ်အုပ်စုက ဆွဲဆောင်စည်ရုံးနေ

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။ အမေရိကန်အစိုးရနှင့် ဆက်ဆံရေးပြန်လည်သင့်မြတ်မှုရရှိနိုင်ရန် ကြိုးပမ်းနေသည့် မြန်မာစစ်အုပ်စုသည် မြေရှားသတ္တုတူးဖော်ရေးအခန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် အမေရိကန်အစိုးရကို စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း ရိုက်တာသတင်းဌာနတွင် နိုဝင်ဘာ ၁၀ ရက်နေ့က ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်းရှိ မြေရှားသတ္တုတူးဖော်ရေးကဏ္ဍများကို အိမ်နီးချင်း တရုတ်အစိုးရက လက်ဝါးကြီးအုပ်ထားချိန် စစ်အုပ်စုက အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ပြန်လည်စတင်နိုင်ရန် မြေရှားသတ္တု ရင်းနှီးမြှုပ်နှံမှုဖြင့် ဆွဲဆောင်စည်းရုံးနေခြင်း ဖြစ်သည်။ (more…)
Read More
မြန်မာနိုင်ငံသို့ လုံးဝခရီးမသွားရန် အမေရိကန်အစိုးရက ဆက်လက်တားမြစ်

မြန်မာနိုင်ငံသို့ လုံးဝခရီးမသွားရန် အမေရိကန်အစိုးရက ဆက်လက်တားမြစ်

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၆ခုနှစ်။ မြန်မာစစ်ရေးပဋိပက္ခအတွင်း လုံခြုံရေးအန္တရာယ် ဆိုးရွားနေသည့် ဒေသတွင်းအခြေအနေများကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ခရီးမသွားရန် အကြံပြုတားမြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ရေးရာနှင့် လုံခြုံရေးဌာနက နိုဝင်ဘာ (၉) ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၃) နိုင်ငံကို ခရီးသွားရန်အန္တရာယ်အရှိဆုံး လုံခြုံရေးအဆင့် (၄) အဖြစ် သတ်မှတ်ထားပြီး လုံးဝခရီးမသွားရန်နှင့် အမေရိကန်အစိုးရအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများအား ကူညီကယ်ဆယ်ရန် အကန့်အသတ်ရှိနေကြောင်း လုံးဝခရီးမသွားရန် တားမြစ်ထားသည်။ (more…)
Read More
အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည့် မြန်မာဒုက္ခသည်များကိုသာ လက်ခံမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည့် မြန်မာဒုက္ခသည်များကိုသာ လက်ခံမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။ မြန်မာနိုင်ငံတွင်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း ဝင်ရောက်လာသူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်သွားမည်ဟု ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ယနေ့ (နိုဝင်ဘာ ၉ ရက်) နေ့လည်ပိုင်းတွင် ကျင်းပခဲ့သည့် ထိုင်းအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။ သို့သော် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နေရပ်စွန့်ခွာလာသူအားလုံးကို လက်ခံမည်မဟုတ်ဘဲ ၎င်းတို့၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီး လုံခြုံမှုမရှိသူများကို လက်ခံပေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။ (more…)
Read More
မင်းအောင်လှိုင်အား အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ကြားရန်အတွက် အတည်ပြုချက်ပေးရန် SAC-M နှင့် APHR တို့ တောင်းဆို

မင်းအောင်လှိုင်အား အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ကြားရန်အတွက် အတည်ပြုချက်ပေးရန် SAC-M နှင့် APHR တို့ တောင်းဆို

RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား မဖိတ်ကြားရန်အတွက် အတည်ပြုချက်ထုတ်ပြန်ပေးရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) တို့က ယနေ့ (နိုဝင်ဘာ ၉ ရက်) ထုတ်ပြန်ထားသည်။ အာဆီယံထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ (၁၆) ရက်မှ (၁၈) ရက်နေ့အထိ ကျင်းပရန်ရှိနေပြီး စစ်ရာဇဝတ်မှု ကျူးလွန်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်းတာဝန်ရှိသူများအား အစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုရန်အတွက် အတည်ပြုချက် ချက်ချင်းထုတ်ပြန်ရန် SAC-M နှင့် APHR တို့က တောင်းဆိုထားခြင်း ဖြစ်သည်။ (more…)
Read More
မြန်မာဘက်မှ တိုက်ပွဲများကြောင့် နယ်စပ်လုံခြုံရေးအတွက် ထိုင်းလေတပ်က F-16s တိုက်ခိုက်ရေးလေယာဉ် စေလွှတ်

မြန်မာဘက်မှ တိုက်ပွဲများကြောင့် နယ်စပ်လုံခြုံရေးအတွက် ထိုင်းလေတပ်က F-16s တိုက်ခိုက်ရေးလေယာဉ် စေလွှတ်

RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။ ကရင်ပြည်နယ် မြဝတီမြို့နယ်အနီး တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်လုံခြုံရေးအတွက် ထိုင်းတော်ဝင်လေတပ် (RTAF) က F-16 MLU တိုက်ခိုက်ရေးလေယာဉ် အရေးပေါ်စေလွှတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ နိုဝင်ဘာ (၈) ရက် နေ့လည် (၃) နာရီဝန်းကျင်က ထိုင်းနယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်အနီးကို သံသယဖြစ်ဖွယ် လေယာဉ်တစ်စင်း ချဉ်းကပ်လာမှုကြောင့် RTAF က အရေးပေါ် သတိပေးချက်တုံ့ပြန်ရေး (QRA) ဖြင့် F-16s တိုက်လေယာဉ်ကို စေလွှတ်ခဲ့ကြောင်း သိရသည်။ (more…)
Read More