International

ဘန်ကောက်ရှိ ဆေးခြောက်ဂိုဒေါင်တစ်ခုကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း၊ မြန်မာနှင့် ဗီယက်နမ် (၁၄) ဦးကို ဖမ်းဆီးခံရ

ဘန်ကောက်ရှိ ဆေးခြောက်ဂိုဒေါင်တစ်ခုကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း၊ မြန်မာနှင့် ဗီယက်နမ် (၁၄) ဦးကို ဖမ်းဆီးခံရ

RNA_အောက်တိုဘာ(၃၁)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကလုန်ဆမ်ဝရပ်ကွက်ရှိ ဆေးခြောက်ဂိုဒေါင်တစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းချိန် မြန်မာနှင့် ဗီယက်နမ်နိုင်ငံသား (၁၄) ဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ ထိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (ONCB) နှင့် နီမစ်မိုင်ရဲစခန်းမှ တာဝန်ရှိသူများက ကလုန်ဆန်ဝရပ်ကွက်ရှိ နေအိမ်တစ်ခု၌ ဆေးခြောက်များ သိုလှောင်ထားကြောင်း သတင်းရရှိသဖြင့် ယနေ့ (အောက်တိုဘာ ၃၁ ရက်) နေ့လည်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ြခင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များ၏ ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးရမိခဲ့သည့် နိုင်ငံခြားသား (၁၄) ဦးထဲတွင် ဗီယက်နမ်နိုင်ငံသား (၂) ဦးသည် ဗီယက်နမ်အာဏာပိုင်များက မူးယစ်ဆေးဝါးအမှုနှင့် ဆက်နွယ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ကြောင်း၊ ဆေးခြောက်များအပြင် ICE နှင့် စိတ်ကြွဆေးပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ Photo:…
Read More
မြန်မာဘက်မှ လက်နက်ကြီးကျည် ထိုင်းဘက်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

မြန်မာဘက်မှ လက်နက်ကြီးကျည် ထိုင်းဘက်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၂၉)၊၂၀၂၆ခုနှစ်။ မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီး တိုက်ပွဲများအတွင်း လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက်ပိုင်း၌ မြဝတီမြို့တောင်ဘက် မင်းလက်ပံအနီး၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နှင့် စစ်အုပ်စုတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျည်တစ်လုံး ထိုင်းဘက်ခြမ်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ထိုင်းစစ်တပ်က သတိပေးပစ်ခတ်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ရသည်။ (more…)
Read More
အမြန်ရထား (၂) စင်း တိုက်မိစဉ် ခရီးသည် (၆၈) ဦးထက်မနည်း သေဆုံး

အမြန်ရထား (၂) စင်း တိုက်မိစဉ် ခရီးသည် (၆၈) ဦးထက်မနည်း သေဆုံး

RNA_အောက်တိုဘာ(၂၉)၊၂၀၂၆ခုနှစ်။ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တောင်ပိုင်း၊ တိုလီဒိုပြည်နယ်၌ အမြန်ရထား (၂) စင်း တိုက်မိသည့် ဖြစ်စဉ်အတွင်း ခရီးသည် (၆၈) ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ လူအများအပြား သေဆုံးခဲ့သည့် အောက်တိုဘာ (၂၈) ရက်က အမြန်ရထား(၂)စင်း တိုက်မိမှုဖြစ်စဉ်သည် တိုလီဒိုပြည်နယ် အူရ်ဒါ (URDA) နှင့် လော့စ်ယဲဘဲနက်စ် (Los Yebenes) မြို့ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ အမြန်ရထား (၂) စင်း တိုက်မိမှုဖြစ်စဉ်အပေါ် စပိန်နိုင်ငံသားအားလုံး ဝမ်းနည်းပူဆွေးရကြောင်း စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က ပြောကြားထားသည်။ ရထားလမ်းကြောင်း ထိန်းချုပ်မှုစနစ်၏ ချို့ယွင်းမှုများကြောင့်…
Read More
မြန်မာဘက်မှပစ်ခတ်သည့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုကို ကာကွယ်ပေးရန် ဒေသခံများ တောင်းဆို

မြန်မာဘက်မှပစ်ခတ်သည့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုကို ကာကွယ်ပေးရန် ဒေသခံများ တောင်းဆို

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။ မြန်မာနယ်စပ်တိုက်ပွဲများကြောင့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုနှင့် လက်နက်ကြီးပေါက်ကွဲမှုများအန္တရာယ်များမှ ကာကွယ်ပေးရန် ထိုင်းအစိုးရထံ မဲဆောက်ဒေသခံပြည်သူ (၂၀၀) ကျော်က တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ မြန်မာနယ်စပ်တိုက်ပွဲများနှင့် လက်နက်ကြီးပေါက်ကွဲမှုများကြောင့် ထိုင်းနယ်စပ် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများအပေါ် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်လာကြခြင်းဖြစ်သည်။ မဲဆောက်ဒေသခံပြည်သူများက မဟာဝမ်ကျေးရွာအုပ်စု မယ့်ကွန်ကင်းကျေးရွာ စာသင်ကျောင်းရှေ့၌ ယနေ့ နံနက် (၁၀) နာရီဝန်းကျင်၌ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာနှင့်ကပ်လျက်ရှိသည့် ထိုင်းနယ်စပ်တစ်လျှောက် ဒေသခံပြည်သူများအား အရေးပေါ်ကာကွယ်မှုများ လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုင်းအစိုးရတာဝန်ရှိသူများအနေဖြင့် ထိခိုက်ဒဏ်ရာရသူများနှင့် နစ်နာသူမျာအတွက် အရေးပေါ်ဘဏ္ဍာရေး ထောက်ပံ့မှုပေးရန်၊ မြန်မာဘက်ခြမ်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း ဒေသခံများ ထိခိုက်မှုမရှိစေရေးအတွက် ကာကွယ်ပေးရန်၊ လက်နက်ကြီးဒဏ်ကာကွယ်ရေးစခန်းများနှင့် ဗုံးခိုကျင်းများ…
Read More
နေရပ်ပြန်ပို့ခံရသည့် မြန်မာများထဲမှ ရာနှင့်ချီကို စစ်အုပ်စု ဖမ်းဆီးထားမှုအပေါ် မလေးရှားအစိုးရ မေးခွန်းထုတ်

နေရပ်ပြန်ပို့ခံရသည့် မြန်မာများထဲမှ ရာနှင့်ချီကို စစ်အုပ်စု ဖမ်းဆီးထားမှုအပေါ် မလေးရှားအစိုးရ မေးခွန်းထုတ်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။ မလေးရှားထိန်းသိမ်းရေးစခန်းများမှ နေရပ်ပြန်ပို့ခံရသည့် မြန်မာများထဲမှ ရာနှင့်ချီကို စစ်အုပ်စုက ဆက်လက်ဖမ်းဆီးထားမှုအပေါ် မလေးရှားအစိုးရက ဖြေရှင်းချက်တောင်းခံသွားမည်ဟု The Star သတင်းဌာနက ဖော်ပြထားသည်။ စစ်အုပ်စုက နေရပ်ပြန်မပို့ဘဲ ရန်ကုန်ရှိ စစ်ကြောရေးစခန်းများ၌ ဖမ်းဆီးထားသည့် ရခိုင်လူမျိုး (၃၀၀) ဝန်းကျင်ရှိသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆီရီမိုဟာမက်ဟာဆန်က ယင်းအခြေအနေအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြောကြားထားသည်။ “ဒီအခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ သံရုံးတာဝန်ခံကို ညွှန်ကြားထားပါတယ်။ မြန်မာ (စစ်အုပ်စု) တာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ အာမခံချက် ကတိကဝတ်ကို လေးစားလိုက်နာဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်”ဟု အောက်တိုဘာ (၂၆) ရက်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။…
Read More
အာဆီယံအထူးသံတမန် မနက်ဖြန် မြန်မာနိုင်ငံသို့ သွားမည်

အာဆီယံအထူးသံတမန် မနက်ဖြန် မြန်မာနိုင်ငံသို့ သွားမည်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးသံတမန်လည်းဖြစ်သူ မာရီယာထရီဆာလာဇာရိုသည် အောက်တိုဘာ (၂၈) ရက် (ဗုဒ္ဓဟူးနေ့) ၌ မြန်မာနိုင်ငံကို သွားရောက်ရန်ရှိကြောင်း ထိုင်းသတင်းဌာန Thai PBS ၌ ဖော်ပြထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင် အကူအညီပေးနိုင်ရေးကိစ္စများနှင့်ပတ်သက်၍ မြန်မာစစ်အုပ်စုတာဝန်ရှိသူများနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် နေပြည်တော်သို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ လာဇာရို၏ အောက်တိုဘာ (၂၈ - ၂၉) နှစ်ရက်ကြာ ခရီးစဉ်၌ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေအပါအဝင် ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရန်ရှိနေပြီး စစ်ရေးပဋိပက္ခ ကြုံတွေ့နေရသည့် နေရာများသို့ပါ လူသားချင်းအကူအညီများ တိုက်ရိုက်ပေးပို့နိုင်ရန် ဆွေးနွေးရန် ရှိနေကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းဌာနက ဖော်ပြထားသည်။…
Read More
အမေရိကန်-မြန်မာ တွေ့ဆုံဆွေးနွေးမှုသည် စစ်အုပ်စုကို တရားဝင်မှုပေးခြင်းမဟုတ်ဟု ထိုင်းအစိုးရ ပြော

အမေရိကန်-မြန်မာ တွေ့ဆုံဆွေးနွေးမှုသည် စစ်အုပ်စုကို တရားဝင်မှုပေးခြင်းမဟုတ်ဟု ထိုင်းအစိုးရ ပြော

RNA_အောက်တိုဘာ(၂၄)၊၂၀၂၆ခုနှစ်။ အမေရိကန်နှင့် မြန်မာတာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခြင်းကို ကြိုဆိုကြောင်းနှင့် ယင်းအခြေအနေသည် အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုပေးခြင်းမဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော်က အောက်တိုဘာ (၂၃) ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။ ယခု အောက်တိုဘာလဆန်းပိုင်း၌ အမေရိကန်နှင့် မြန်မာတာဝန်ရှိသူများ ဂျပန်နိုင်ငံ တိုကျိုမြို့၌ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့မှုအပေါ် ထိုင်းအစိုးရမှ ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ မြန်မာကို အထီးကျန်နိုင်ငံဖြစ်နေတာမျိုး အလိုမရှိပါဘူး။ ပြီးတော့ မြန်မာနိုင်ငံကို ပထဝီနိုင်ငံရေးအားပြိုင်မှုတွေကြား အသုံးချခံ မဖြစ်စေချင်ပါဘူး။ အမေရိကန်နဲံ တစ်ခါတရံ စေ့စပ်ညှိနှိုင်းမှု လုပ်ဆောင်တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒါဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို တရားဝင်အသိအမှတ်ပြုတာလို့ မယူဆသင့်ပါဘူး” ဟု…
Read More
ပညာရေးဆိုင်ရာ တောင်းဆိုချက်မှ ကုန်ဈေးနှုန်းကြီးမြင့်မှုအထိ ကျယ်ပြန့်လာသည့် ပြင်သစ်ဆန္ဒပြပွဲများ

ပညာရေးဆိုင်ရာ တောင်းဆိုချက်မှ ကုန်ဈေးနှုန်းကြီးမြင့်မှုအထိ ကျယ်ပြန့်လာသည့် ပြင်သစ်ဆန္ဒပြပွဲများ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်။ ပြင်သစ်နိုင်ငံ၌ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဆန္ဒပြမှုများ ကြုံတွေ့နေရပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား တင်းမာမှုများသည် ပိုမိုမြင့်လာနေသည်။ အောက်တိုဘာ (၁၇-၁၈) ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူပေါင်း (၂၄၀၀) ကျော်ကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုချက်များဖြင့် ဆန္ဒပြမှုများသည် ယခု အောက်တိုဘာလဆန်းပိုင်းကတည်းက အရှိန်မြင့်တက်လာပြီးနောက် ပါရီ၊ မာဆေးလ်နှင့် လိုင်ယွန်မြို့များသို့လည်း ဆန္ဒပြပွဲများ ကူးစက်သွားကာ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ပဋိပက္ခများနှင့် ရုန်းရင်းဆန်ခတ်မှုဖြစ်မှု အခြေအနေ ဆိုးရွာနေခြင်း ဖြစ်သည်။ အောက်တိုဘာ (၁၇) ရက်က ဆန္ဒပြပွဲများ၌ စူပါးမားကတ်များနှင့် စတိုးဆိုင်များ ဖျက်ဆီးခံရပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့များကိုလည်း…
Read More
အိန္ဒိယကျားဖြန့်များက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုလုပ်ဆောင်လာ

အိန္ဒိယကျားဖြန့်များက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုလုပ်ဆောင်လာ

RNA_အောက်တိုဘာ(၁၆)၊၂၀၂၆ခုနှစ်။ အိန္ဒိယနိုင်ငံအခြေစိုက် အွန်လိုင်းငွေကြေးလိမ်လည်မှုကွန်ရက် (ကျားဖြန့်) ကြောင့် အမေရိကန်နိုင်ငံသားများ ဒေါ်လာသန်း (၅၀) ကျော် ဆုံးရှုံးခဲ့ရပြီးနောက် ဒေသ (၂) ခုရှိ ကျားဖြန့်စင်တာများကို ဝင်ရောက်စီးနင်ခဲ့ကြောင်း အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ဖော်ပြချက်ကို ကိုးကားပြီး The Diplomat သတင်းဌာနက အောက်တိုဘာ (၆) ရက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁၅) ရက်က အိန္ဒိယ၏ ဒုတိယအကြီးဆုံးမြို့ ပွန်နေ (Pune) နှင့် ပတိအာလာ (Patiala) ရှိ Call Center (၃) နေရာကို အိန္ဒိယရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျားဖြန့်လုပ်ကိုင်နေသူ (၂၂၀) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း…
Read More
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)က CRPH အား ဆက်လက်အသိအမှတ်ပြု

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)က CRPH အား ဆက်လက်အသိအမှတ်ပြု

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အား နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ၏ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ယနေ့ (အောက်တိုဘာ ၉ ရက်) ကျင်းပသည့် အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်အတည်ပြုလိုက်သည်။ တရားမဝင်အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်လွှတ်တော်ခေါ်ယူပြီး နိုင်ငံတကာစင်မြင့်တွင် ကိုယ်စားပြုခွင့်နှင့် အသိအမှတ်ပြုခွင့် ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေချိန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုသူများအဖြစ် ဆက်လက်အသိအမှတ်ပြုခြင်းသည် မြန်မာပြည်သူတို့၏ စစ်မှန်သော ဒီမိုကရေစီစိတ်ဆန္ဒအား အကြမ်းဖက်မှုများအပါအဝင် မည်သည့် နည်းလမ်းဖြင့်မျှ ဖျက်ဆီးနိုင်ခြင်းမရှိသည်ကို ထပ်မံ သက်သေပြခြင်းပင် ဖြစ်ကြောင်း CRPH ကပြောကြားထားသည်။ (more…)
Read More