သတင်း

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်

RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဇရပ်ကွင်း တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ဩဂုတ်လ ၁၁ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း (၉) ခုအထိ သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။   ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သပိတ်ကျင်းမြို့နယ်အတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း၊ ဖက်ရှည်ရွာ တပ်စခန်းနှင့် ဇရပ်ကွင်းတပ်စခန်းတို့ကို ဖြစ်သည်။ (more…)
Read More
သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

RNA_ဩဂုတ်(၁၀)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များက ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။   သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။   #RedNewsAgency
Read More
သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို မန္တလေး PDF သိမ်းပိုက်နိုင်ခဲ့

သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို မန္တလေး PDF သိမ်းပိုက်နိုင်ခဲ့

RNA_ဩဂုတ်(၁၀)၊၂၀၂၄ ခုနှစ်။   ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ကို သိမ်းပိုက်ထားနိုင်ပြီးနောက် သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။   သပိတ်ကျင်းမြို့နယ်အတွင်းမှ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး

ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး

RNA_ဩဂုတ်(၉)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာပျူစခန်းကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ (၈) ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့မှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။   ဝက်ပုတ်ပျူရွာစခန်းကို ဩဂုတ်လ ၅ ရက်နေ့မှစတင်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစုများက စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံများ စက်မှု (၂) စစ်စခန်းသို့ ဆုတ်သွားခဲ့ပြီး စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ MA4 (၁) လက်၊ ကာဘိုင် (၁) လက်၊ G3 (၂)လက်၊ G4 (၁) လက်၊ M16 (၁) လက်၊ 12 ဗို့…
Read More
ဖျက်ဆီးခံလိုက်ရသော မြောက်ဥက္ကလာ ၈၈ အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲမြင်ကွင်း မှတ်တမ်း

ဖျက်ဆီးခံလိုက်ရသော မြောက်ဥက္ကလာ ၈၈ အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲမြင်ကွင်း မှတ်တမ်း

RNA_ဩဂုတ်(၈)၊၂၀၂၄ ခုနှစ်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ဖျက်ဆီးလိုက်သော ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပြည်သူ့ပန်းခြံအတွင်းရှိ ရှစ်လေးလုံး (၈၈၈၈) ပြည်သူ့အရေးတော်ပုံ အထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲအခမ်းအနား ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့စဉ် မှတ်တမ်းရုပ်သံကို ပြန်လည်ဖော်ပြလိုက်ပါသည်။ “တန်ဖိုးတွေအတွက် လူ့ဂုဏ်သိက္ခာအတွက်တော့ လိုအပ်ရင် အဲသလို ရင်ဆိုင်တက်တယ် တိုက်ပွဲဝင်ရဲတယ်ဆိုတာကိုတော့ နှောင်းလူတို့သိပါစေ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ကျောက်တိုင်ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (more…)
Read More
ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

RNA_ဩဂုတ်(၇)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအခြေစိုက် စစ်ကောင်စီ၏ ရဲစခန်းနှင့် ရဲကင်းစခန်းများ အားလုံးကို တော်လှန်ရေးအင်အားစုများက ယနေ့ (ဩဂုတ်လ ၇ ရက်) တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။   ကိုင်းတောမရဲစခန်းနှင့် ရဲကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များက စီးနင်းတိုက်ခိုက်ပြီး ပြန်ဆုတ်ပေးကာ ဩဂုတ်လ ၆ ရက်နေ့ ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့တွင် စစ်ကောင်စီလက်အောက်ခံများ ကိုင်းတော့မရှိစခန်းနှင့်ရဲကင်းများမှ ဆုတ်ခွါသွားပြီဖြစ်ပြီး ဆုတ်ခွါစဉ် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ထံမှ သိရသည်။ (more…)
Read More
ကိုင်းတောမရဲစခန်းနှင့် အထိုင်စခန်းများ စီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် (၂) ဦးကျဆုံး

ကိုင်းတောမရဲစခန်းနှင့် အထိုင်စခန်းများ စီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် (၂) ဦးကျဆုံး

RNA_ဩဂုတ်(၆)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် အထိုင်စခန်းအားလုံးကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲအတွင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)မှ ရဲဘော် မဟောက် ( အသက် ၁၇ နှစ်) နှင့် အညာမြေတပ်ပေါင်းစုမှ ရဲဘော် G Shock (အသက် ၂၃ နှစ်) တို့ ကျဆုံးခဲ့ရကြောင်း သိရသည်။   စစ်ကောင်စီ၏ ကိုင်းတောမရှိ အထိုင်စခန်းအားလုံးကို ဩဂုတ်လ (၃) ရက်နေ့ နံနက် (၆) နာရီက တပြိုင်နက်ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် (၅) ထိရှိခဲ့ပြီး စစ်ကောင်စီဘက်မှ (၃) ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ခဲယမ်းများ…
Read More
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှာ တရက်အတွင်း ပြည်သူ ၁၃ ဦးသေဆုံး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှာ တရက်အတွင်း ပြည်သူ ၁၃ ဦးသေဆုံး

RNA_ဩဂုတ်(၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာတို့အား ဩဂုတ်လ ၄ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၁၃) ဦးသေဆုံးကာ (၁၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် ဩဂုတ်လ ၄ ရက်နေ့ နေ့လယ် (၁) နာရီခန့်က ကံတောင်ကျေးရွာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သည့်အတွက် ကလေးငယ် ၁ ဦးပါအဝင် ပြည်သူ (၁) ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီး၊ နေ့လယ် (၃) နာရီ (၃၀) မိနစ်ခန့်တွင် နွယ်ရုံကျေးရွာအားလေကြောင်း တိုက်ခိုက်သည့်အတွက် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ (၁၀)…
Read More
လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တော်လှန်ရေးအင်အားစုများ စောင့်ရှောက်ထား

လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တော်လှန်ရေးအင်အားစုများ စောင့်ရှောက်ထား

RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။ MNDAA ဦးဆောင်သော တော်လှန်ရေးအင်အားစုများ စစ်ကောင်စီလက်အောက်မှ တိုက်ခိုက်စိုးမိုးထားသည့် လားရှိုးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို လားရှိုး ပြည့်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားကြောင်း သိရသည်။ "ဆရာဦးထွန်းထွန်းဟိန်အပါနိုင်ကျဉ်း (၂၀၀)ကျော်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လားရှိုးခရိုင်နဲ့တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်” ဟု NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက အသိပေးပြောကြားထားသည်။ လားရှိုး -မူဆယ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၆၈ တပ်ရင်းကို MNDAAနှင့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုြ်လ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လားရှိုးအကျဉ်း ထောင်ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် လွတ်မြောက်လာသူများနှင့်…
Read More
ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေ

ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေ

RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို ထိမ်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။   ဒေသတွင်းတော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ်မေလ အတွင်းကတည်းက စလင်းမြို့နယ်၊ ငလှိုင်တွင်း ကျေးရွာအနီးရှိ ( ရေနံစိမ်းထွက်ရှိသည့်ဒေသ) စစ်ကောင်စီတပ်စခန်းကို မောင်းထုတ်နိုင်ခဲ့ပြီး ဒေသတွင်းစိုးမိုးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းနယ်အတွင်းရှိ ဆည်တချို့မှ စစ်ကောင်လက်အောက်ခံများကိုလည်း မောင်းထုတ်ထားပြီး နယ်မြေစိုးမိုးမှုများရရှိထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရစ်မြစ်က ပြောကြားထားသည်။ (more…)
Read More