ပြည်သူ ၂၇ ဦးသေဆုံး

လက်ပံလှကျေးရွာ ဗုံကြဲခံရသည့်အတွက် ကလေးငယ် (၆)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၂၇)ဦး သေဆုံး

လက်ပံလှကျေးရွာ ဗုံကြဲခံရသည့်အတွက် ကလေးငယ် (၆)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၂၇)ဦး သေဆုံး

RNA_မတ်(၁၅)၊၂၀၂၅ ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ လူစည်ကားရာ စျေးဆိုင်တန်းများအား စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် (၆) ဦးအပါအဝင် (၂၇) ဦးသေဆုံးပြီး (၃၀) ဝန်းကျင် ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကယနေ့ ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေအတွင်းရှိ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက မတ်လ (၁၄)ရက်နေ့ နေ့လယ် (၃) နာရီဝန်းကျင်ခန့်က လူစည်ကားရာ စျေးဆိုင်တန်းများအား အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ မတ်လ (၄)ရက်နေ့တွင်လည်း လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ (၆)ဦး အသက်ဆုံးရှုံးခဲ့ရသည်။ (more…)
Read More