Red News Agency

Independent Journalism for Justice and Human Rights.

Category: သတင်း

  • ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

    ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

    RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီစခန်း ဝင်ရောက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော အမှတ် (၈) စစ်ကြောင်းတွင် ကျောင်းသားလူငယ်များပါဝင်သော ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • တိုက်ပွဲပြန် အောင်ပွဲရ KIA၊ KPDF၊ NPDF ရဲဘော်များကို ဖားကန့်ပြည်သူများ အောင်သပြေဖြင့် ကြိုဆို

    တိုက်ပွဲပြန် အောင်ပွဲရ KIA၊ KPDF၊ NPDF ရဲဘော်များကို ဖားကန့်ပြည်သူများ အောင်သပြေဖြင့် ကြိုဆို

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။
    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပန်ချယ်၊ ရွှေတွင်းလမ်းဆုံ၊ ရာလားတီးကျေးရွာများတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ နှင့် SNA ပူးပေါင်းတပ်များကို တိုက်တုတ်ပြီး အောင်ပွဲဖြင့်ပြန်လာကြသော KIA၊ KPDF၊ NPDF ပူးပေါင်းအဖွဲ့အား ဖားကန့်ပြည်သူလူထုမှ အောင်သပြေပန်းများဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကြိုဆိုခဲ့ကြောင်း နွေဦးရောင်နီအဖွဲ့ထံမှ သိရသည်။

    (more…)

  • စစ်ကောင်စီတပ် ဒရုန်းဗုံးကြဲရာတွင် ဝိစာရ စိုက်ပျိုးရေးသုံး အဆိပ်ငွေ့ပြားများထည့်သွင်း အသုံးပြုနေ

    စစ်ကောင်စီတပ် ဒရုန်းဗုံးကြဲရာတွင် ဝိစာရ စိုက်ပျိုးရေးသုံး အဆိပ်ငွေ့ပြားများထည့်သွင်း အသုံးပြုနေ

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီတပ်မှ တိုက်ပွဲများအတွင်း ဒရုန်းဗုံးအသုံးပြုရာတွင် ဝိစာရစိုက်ပျိုးရေးဆေးများရောင်းချသည့် ကုမ္ပဏီမှ ထုတ်လုပ်အသုံးပြုနေသော S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကိုထည့်သွင်း အသုံးပြုနေကြောင်း သိရှိရသည်။

    S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို အသုံးပြုပြီး ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ် နယ်စပ်အချို့နေရာများတွင် ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် အဆိပ်ငွေ့ပြားများကိုပါ ထည့်သွင်းအသုံးပြုလာပြီဖြစ်ကြောင်း KNDF က ယနေ့ ထုတ်ပြန်လိုက်သည်။

    (more…)

  • ရေလာလေး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိ

    ရေလာလေး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိ

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီတပ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၆) ဦးသေဆုံးပြီး၊ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိကြောင်း အမှတ် (၈) စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။

    ရေလာလေး စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲ ၁ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီလက်အောက်ခံ (၆) ဦးထက်မနည်းသေဆုံးကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အမှတ်(၈)စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။

    (more…)

  • ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်စခန်း(၂) ခုကို တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်

    ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်စခန်း(၂) ခုကို တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်

    RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၄ခုနှစ်။

    ကရင်ပြည်နယ်၊ ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းနှင့် တောင်သုံးလုံးတပ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၇)ရက် နှင့် (၁၁) ရက်နေ့များတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

    (more…)

  • အရပ်ဝတ်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းလိုက်လံစုံစမ်းနေသော ရဲဒုတပ်ကြပ်နှစ်ဦီးပစ်ခတ်ခံရ

    အရပ်ဝတ်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းလိုက်လံစုံစမ်းနေသော ရဲဒုတပ်ကြပ်နှစ်ဦီးပစ်ခတ်ခံရ

    RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းလိုက်လံထောက်လှမ်းနေသော လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် အောင်ဒင်နှင့် ဒုတပ်ကြပ်မြတ်စိုးနိုင်တို့သည် အရပ်ဝတ်ဖြင့် အသွင်ယူနေစဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

    (more…)

  • အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

    အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ စစ်ကောင်စီ၏ အမှတ် () နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ) စခန်းအား အာရက္ခတပ်တော်-AA မှ သိမ်းပိုက်မှုမြင်ကွင်း ထုတ်ပြန်မှု ရုပ်သံမှ စစ်ကောင်စီလက်အောက်ခံများ သေဆုံးသည့် မြင်ကွင်းများကိုချန်ပြီး ထုတ်နုတ်ထားသည့် ရုပ်သံကို ပြန်လည်ဖော်ပြလိုက်ပါသည်။ 

    [embedyt] https://www.youtube.com/watch?v=4N3ZB1Riass[/embedyt]

    (more…)

  • စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

    စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။

    စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်အတွက် စစ်ရေးနည်းလမ်းမှလွဲပြီး မရှိတော့ကြောင်း၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရန်အတွက် စစ်ရေးနည်းလမ်းမှလွဲ၍ တနည်းအားဖြင့် စစ်အနိုင်တိုက်ရေးနှင့် လူထုအာဏာတည်ဆောက်ရေးမှလွဲပြီး မရှိတော့ကြောင်း ယုံကြည်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=sR50YI7TKTI[/embedyt]

    #RedNewsAgency #RedNews

  • နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် သုံ့ပန်းအများအပြား ဖမ်းဆီးရမိ

    နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် သုံ့ပန်းအများအပြား ဖမ်းဆီးရမိ

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တခုတည်းကျန်ရှိသော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းအား စခန်းသိမ်းတိုက်ပွဲအတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင် (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နှင့်  နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော်က ကြေညာထားသည်။

    (more…)

  • အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

    အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

    RNA_ဒီဇင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့ မကြာမီ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည်ဖြစ်ကြောင်း Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသကို အခြေချသွားမည်ဖြစ်ကြောင်း၊ BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့များ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးစားသွားမည်ဟု မောင်ဆောင်းခက အောက်တိုဘာ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။

    (more…)