စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ သပြေကုန်းကျေးရွာ ဘုန်းကြီးကျောင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်း ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်နေစဉ် ဆီဆိုင်မြို့နယ်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ဇွန်လ ၃ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိကြောင်း သိရသည်။

 

သပြေကုန်းကျေးရွာ ဘုန်းကြီးကျောင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို ကရင်နီပူပေါင်းတပ်များက တိုက်ခိုက်ချိန် စစ်ကူးလာသော စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၂၀) ကျော်သေဆုံးကာ၊ MA-1 (၅) လက်၊ AK-47 (၁) လက်၊ MA-4 (၁) လက်၊ RPG (၁) လက်နှင့် အခြားလက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု KNDF ဗျူဟာအမှတ်-၂ ကထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor