ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ပျက်ကျ

RNA_ဇွန်(၁၀)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျေးနင်းကြီးရွာကို စစ်ကောင်စီတပ်ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ပြီး ပြန်အထွက် ယနေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် ချင်းတွင်းမြစ်အရှေ့တောင်ဘက်ရှိ စပါးစေ့ကျေးရွာတောင်ဘက်တွင် ပျက်ကျသွားသည်ဟု သိရသည်။

“သူတို့လာပစ်တာက ကျေးနင်းကြီးရွာကို လာပစ်တာ ကျွန်တော်တို့တောင် လှမ်းမြင်ရတယ်။ ပစ်ပြီး ပြန်အထွက်မှာ စပါးစေ့ရွာတောင်ဘက်မှာ ကျတယ်လို့ သိရတယ်။ သွားကြည့်ဖို့တော့ မလွယ်ဘူး လမ်းတွေပိတ်ထားတယ်” ဟု ပုလဲဒေသခံတစ်ဦးက Red News Agency ကိုပြောသည်။

ယနေ့ ပုလဲမြို့နယ်အတွင်း ပျက်ကျသွားသည့် ဂျက်ဖိုက်တာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA မှ ပစ်ချသည်ဟုလည်း ကနဦး သတင်းထုတ်ပြန်ထားသည်ကို တွေ့ရှိသည်။

#RedNewsAgency #RedNews #RNA

By RNA Editor