RNA_ဇွန်(၁၁)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ယမန်နေ့က စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူးသေဆုံးသည့်အပြင် လေယာဉ်ပျက်ကျသည့် နေရာအနီး နေအိမ်တစ်လုံးအတွင်းမှ ရုပ်အလောင်း (၃) လောင်းနှင့် ခြံဝန်းအတွင်း ရုပ်အလောင်း (၁) လောင်းတွေ့ရှိရသည်ဟု PLA က ထပ်မံအတည်ပြုထားသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA မှ ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပစ်ချနိုင်ခဲ့သည့် စစ်ကောင်စီ တိုက်လေယာဉ်၏ အပျက်အစီး မှတ်တမ်းဓာတ်ပုံများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA မှယနေ့ ထပ်မံထုတ်ပြန်ထားသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA