ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရာဇာနှင့် ရဲဘော်သီဟလေးတို့ ကျဆုံး

RNA_ဇွန်(၁၁)၊၂၀၂၅ခုနှစ်။

တော်လှန်ရေးတာဝန်များကို ထမ်းဆောင်စဉ် ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရာဇာနှင့် ရဲဘော်သီဟလေးတို့သည် မြင့်မြတ်စွာကျဆုံးသွားသည့်အတွက် ဇွန်လ (၉) ရက်နေ့က အမိန့်ပြန်တမ်းဖတ်ကြားခြင်းနှင့် သင်္ဂြိုဟ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရဲဘော်ရာဇာသည် ဇွန်လ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က ကျဆုံးခဲ့ရပြီး၊ ရဲဘော်သီဟလေးသည် ဇွန်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၄ မိနစ်တွင် ကျဆုံးခဲ့ရကြောင်း၊ ရဲ‌ဘော်ရာဇာနှင့် ရဲဘော်သီဟလေးသည် တပ်ဦး/ တပ်တော်မှ ပေးအပ်လာသော အမိန့်နှင့် တာဝန်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဇွဲ၊ လုံ့လ စိုက်ထုတ်၍မမှိတ်မသုန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများဖြစ်ပြီး ရဲဘော်တို့ကျဆုံးခြင်းအား လေးမြတ်စွာဦးညွတ်အလေးပြုအပ်ပါသည်ဟု ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ကထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor