သတင်း

KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) ထံမှ စစ်ပညာသင်တန်း တက်ရောက်ခဲ့သူများပါဝင်သည့် ကနီတပ်မတော် (Kani Army - KNA) ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာထားသည်။ KNA (Kani Army) အဖွဲ့စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၊ KIA ထံမှ စစ်ပညာသင်တန်းများတက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းအခြေခံစစ်ပညာ ဆင့်ပွားသင်တန်း အပတ်စဥ်၁ မှ အပတ်စဥ် ၅ အထိ (KLG) ကျောက်လုံးကြီး အဖွဲ့နှင့်အတူ စစ်ပညာများသင်ကြား ပို့ချပေးခဲ့ကြောင်း KNA (Kani Army) က ယနေ့ ထုတ်ပြန်ကြေညာထားသည်။ ဒေသတွင်းအခြားမိတ်ဖတ်အဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ်ကျရူံးသည့်အထိ…
Read More
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ မွန်ပြည်နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် MSRU /ရေးဘီးလူး /YSTF တပ်ဖွဲ့ ၃ ဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က ရေးမြို့နယ် စံပြကျေးရွာအနီး အာရှလမ်းမကြီး ရေး မော်လမြိုင် ထားဝယ် ကားလမ်း​မ​ပေါ်တွင် ပြည်သူနှင့်တိုက်ရိုက်မိတ်ဆက်ခြင်း လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက်အသင့်ရှိနေမည်ဖစ်ကြောင်းပြသခဲ့ပီး ပြည်သူနဲ့အတူ ခေတ္တမျှ တွေ့ဆုံခြင်းပြုလုပ်ခဲ့ကြသည်။ ခရီးသွားပြည်သူများနှင့်တွေ့ဆုံ နှုတ်ဆက်သည့်နေရာသည် စစ်ကောင်စီတပ်ရင်း ၁၀၆/၅၈၈ တပ်ရင်းနှင့် ၃၄၃ / ၅၈၇ တပ်ရင်းကြားတွင်ဖြစ်ကြောင်း MSRU က ထုတ်ပြန်ထားသည်။ Red News Agency
Read More
ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်ချေမှုန်းမည် 

ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်ချေမှုန်းမည် 

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( NSSDF) ကအကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ဖြတ်ချေမှုန်းရေးနှင့် စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း သိရသည်။ " အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရေးတွင် အခက်ခဲများစွာကြောင့် တိုက်ပွဲဝင်ရန်နှောင့်နှေးနေပေမယ့် မကြာခင်အချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အသေခံကျွန်တော်ကြီးများ အားတိုက်ခိုက်‌ ချေမှုန်းနိုင်မည့် အချိန်ကိုရောက်ရှိလာတော့မည်ဖြစ်ကြောင်း အများပြည်သူများအား အသိပေးတင်ပြအပ်ပါသည်" ဟု NSSDF ကထုတ်ပြန်ထားသည်။ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနာဂတ်မှာ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရေးအတွက် ရည်ရွယ်ချက်တူသော အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၂ရက်၊၂၀၂၂ ခုနှစ်။ အတုအယောင်ပြည်ထောင်စုကို ဆက်ပြီး လက်မခံတော့ကြောင်း ပြည်သူများက ကြွေးကြော်သံများဖြင့် ယနေ့ ရန်ကုန်မြို့ လူစည်ကားရာ ‌နေရာတွင် လက်သုံးချောင်းထောင် စုရုံးကြွေးကြော်ကာ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၂ လူထုလူပ်ရှားမူကို ပြည်သူအများပါဝင်ခဲ့သလို စစ်အာဏာရူး ဗိုလ်ရှုသဘင်ကို တီဗီ စောင့်ကြည့်ခြင်း၊ ထိုပွဲကို လူမူစာမျက်နှာများတွင် ဖော်ပြခြင်း၊ ဖြန့်ဝေခြင်း၊ မှတ်ချက်ပေးခြင်းတို့ကို မပြုလုပ်ပဲ စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။ Red News Agency
Read More
ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်တို့ကပြည်ထောင်စုနေ့အခမ်းအနားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ပါရန် ဖိတ်ကြား

ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်တို့ကပြည်ထောင်စုနေ့အခမ်းအနားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ပါရန် ဖိတ်ကြား

RNA၊ ဖေဖော်ဝါရီ ၁၁ ရက်၊၂၀၂၂ ခုနှစ်။ စစ်ကောင်စီက “စိန်ရတု” ပြည်ထောင်စုနေ့အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန် နှင့် တက်ရောက်စဉ်ကာလအတွင်းထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်ကြပါရန် အထူးဖိတ်ကြားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီနှင့်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်တို့က စစ်ကောင်စီလက်အောက်ခံ သတင်းစာမှတစ်ဆင့် မေတ္တာရပ်ခံပန်ကြားစာလွှာနှင့် သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဘာသာအသီးသီးကိုယုံကြည်ကိုးကွယ်ကြသော ဘာသာဝင် ညီအစ်ကိုမောင်နှမ များတို့သည်လည်း ပြည်ထောင်စုကြီး “ထာဝရငြိမ်းချမ်းရေးရရှိစေရန်” အလွန်မျှော်လင့်စောင့်စား လျက်ရှိနေကြသည့်အကြောင်း၊ထာဝရငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းခြင်းကိစ္စများတွင် သက်ဆိုင်သူ ခေါင်းဆောင်များအားလုံး ပါဝင်လုပ်ဆောင်ကြပါရန် ဘုရားသခင်၏ မေတ္တာအားဖြင့် အနူးအညွတ် ပန်ကြားပါကြောင်း ဖော်ပြထားသည်။ ထို့အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်တို့ကလည်း ဆွေးနွေးမည့်အကြောင်းအရာနှင့်ပတ်သက်၍…
Read More
NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေး လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေး လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

RNA ၊ဖေဖော်ဝါရီ ၁၀ ရက်။ အမျိုးသားညီညွတ်ရေးအစိုးရက စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေးအတွက် လုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး (၃/၂၀၂၂) မှာ ပြောကြားလိုက်သည်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်က နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စိုးမိုးထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးခိုင်မာ အားကောင်းစေရန် ကဏ္ဍစုံပေါင်းစပ်ဆောင်ရွက်နိုင်ရေးနဲ့ အုပ်ချုပ်ရေး ၊ကာကွယ်ရေးကိစ္စရပ်တွေလည်း ပေါင်းစပ်ဆောင်ရွက်နိုင် ရေးလိုအပ်တယ်လို့ ပြောကြားခဲ့သည်။ (more…)
Read More
စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများတွင် ခံစစ်ပြုလုပ်ရာတွင် မိုင်းထောင်ကြရန် ညွှန်ကြား

စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများတွင် ခံစစ်ပြုလုပ်ရာတွင် မိုင်းထောင်ကြရန် ညွှန်ကြား

RNA_ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်စခန်းများနှင့် ရဲစခန်းများတွင် ခံစစ်ပြင်ဆင်ရာတွင် ရှေ့ထွက်မိုင်းနှင့် စွန့်လွှတ်မိုင်းများ ထောင်ထားကြရန် ညွှန်ကြားထားကြောင်း သိရသည်။ ရန်သူဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများတွင် မိုင်းထောင်ကြရန်၊ လိုအပ်သည့် မိုင်းများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြမယန်လည်တင်ပြကြရန် စစ်ကောင်စီတပ်က ညွှန်ကြားစာတစောင်တွင် တွေ့ရှိရသည်။ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များ၊ ဌာနချုပ်များ၊ ရဲစခန်း၊ ရဲကင်းစခန်းများ၏ ခုခံစစ် လုပ်ငန်းများတွင် ဘန်ကာများ၊ ခေါင်ကတုတ်ပါ ပစ်ကျင်းများ၊ ခြံစည်းရိုးများ၊ ဆက်သွယ်ရေးမြောင်းများ၊ ရင်တားများ၊ ငြှောင့်ကျင်းများနှင့် မိုင်းထောင်ထားမှုများ ရှိ မရှိ စစ်ဆေးကြရန် တိုင်းစစ်ဌာနချုပ်များက ညွှန်ကြားထားသည်။ Red News Agency…
Read More
စစ်တပ်က ဗိုလ်မှူးအဆင့်အငြိမ်းစား၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သေနတ်ပစ်ခံရပြီး သေဆုံး

စစ်တပ်က ဗိုလ်မှူးအဆင့်အငြိမ်းစား၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သေနတ်ပစ်ခံရပြီး သေဆုံး

RNA_ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ မွန်ပြည်နယ်၊ ရေးမြို့နယ် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းအဖြစ် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်တပ်က ဗိုလ်မှူးအဆင့် (ဒုတပ်ရင်းမှူး) အငြိမ်းစား ဦးအောင်နိုင်ဝင်း ယနေ့ နံနက်ပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ဦးအောင်နိုင်ဝင်းသည် စစ်တက္ကသိုလ် အမှတ်စဥ် (၃၈) ဗိုလ်လောင်းသင်တန်း းကို ၁၉၉၃ ခုနှစ်မှာ တက်ရောက်ခွင့်ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ သင်တန်းပြီးကာ ဒုတိယဗိုလ် အဆင့်မှ ဗိုလ်မှူးအဆင့်၊ ဒုတိယတပ်ရင်းမှူးရာထူးအထိ တာဝန်ကျရာ တပ်အသီးသီးမှာ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ရာမှ အငြိမ်းစားယူခဲ့ကြောင်း သိရသည်။ (more…)
Read More
လက်နက်မဲ့ ပြည်သူကို အကြမ်းဖက် စစ်တပ်က ခေါင်းပစ်ခဲ့တာ ၁ နှစ်ပြည့်ပြီ

လက်နက်မဲ့ ပြည်သူကို အကြမ်းဖက် စစ်တပ်က ခေါင်းပစ်ခဲ့တာ ၁ နှစ်ပြည့်ပြီ

ဇင်လင်းနိုင်၊ ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ၂၀၂၁ နွေဦးတော်လှန်ရေးကာလမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ လက်နက်မဲ့ အပြစ်မဲ့ပြည်သူတစ်ဦးကို အကြမ်းဖက် စစ်တပ်က ခေါင်းစပစ်ခဲ့တာဟာ ဒီနေ့က ၁ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်ကနေပြည်တော် သပြေကုန်းအဝိုင်းမှာ ထောင်နဲ့ချီတဲ့ လုအုပ်ကြီးက အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ အကြမ်းဖက်ရဲအရာရှိတစ်ဦးက ဆန္ဒပြတဲ့ လူအုပ်ထဲကို ကျည်ဆန်နဲ့ ပစ်ခတ်ခဲ့လို့ မြသွဲ့သွဲ့ခိုင်ရဲ့ ဆိုင်ကယ်စီးဦးထုပ်ကိုထိမှန်ခဲ့တယ်။ မြသွဲ့သွဲ့ခိုင်ခိုင်လည်း လဲကျသွားပါတယ်။ (more…)
Read More
အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

RNA_ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့် အခြေအနေများကြောင်း ထောင်တွင်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားများ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ဆန္ဒပြကြရာနှင့် ယင်းနေ့ ညပိုင်းတွင် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရသူများထဲတွင် ကိုအောင်အောင်ပါဝင်ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် တိုက်ပိတ်ခံရမှုအတွင်း ဆေးကုသခွင့်တောင်းသော်လည်း မရရှိခဲ့ကြကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ (more…)
Read More