ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။
 
မကွေးတိုင်း၊ မင်းလှမြို့နယ်၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) ကယနေ့ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – PRA-Magway တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားတွင် တွေ့ရသည့် ရဲဘော်များ။
 
မင်းလှမြို့နယ်၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် People’s Revolution Alliance (PRA-Magway)၊ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အထက်မင်းလှ ပ.က.ဖ)၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF)နှင့် အရှိုချင်းကာကွယ်ရေးတပ်၊ Key of Revolution ပြောက်ကျားတပ်တို့ ပူးပေါင်းပါဝင်ပြီး ယမန်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း စက်ရုံအဆောက်အဦ မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်းလှ အမှတ် (၁၀) ကာကွယ်ရေး ပစ္စည်းစက်ရုံသည် ဗျူဟာမြောက် ပစ်မှတ်များချေမှုန်းခြင်း စစ်ဆင်ရေးအမျိုးအစားဖြစ်ပြီး၊ ပစ်ခတ်တိုက်ခိုက်ချိန်တွင် ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေကြာင်း၊ က.ပ.စ ၁၀ မင်းလှသည် တာဝေးပစ်ဒုံးများ၊ တင့်ကားသုံးအမြှောက်ဗုံးသီးများ၊ လေယာဉ်ပစ်ဒုံးများ ထုတ်လုပ်နေပြီး အကြမ်းဖက်စစ်တပ်ချေမှုန်းရေးအတွက် High – Value Target ဖြစ်သည်ဟု People’s Revolution Alliance (PRA-Magway) ယနေ့ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – PRA-Magway တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားတွင် တွေ့ရသည့် ရဲဘော်များ။
ဓာတ်ပုံ – PRA-Magway တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားတွင် တွေ့ရသည့် ရဲဘော်များ။
 
 
#RedNewsAgency
By Editor