07                                    
                                    
                                        Apr 
                                    
                                
                            
                        
                        
                    
                        RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကို ဒေသတွင် စစ်ကောင်စီတပ်လက်အောက်ခံ BGF ကထိန်းချုပ်ထားရာ ဧပြီလ ၅ ရက်နေ့မှစတင်ကာ ပူးပေါင်းမဟာမိတ်အဖွဲ့များ တိုက်ခိုက်နေရာ စခန်းကုန်း (၅) ခုသိမ်းနိုင်ထားပြီး စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးကာ (၆၀) ကျော်ဒဏ်ရာရရှိထားကြောင်း Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်း မှ ယမန်နေ့က ထုတ်ပြန်ထားသည်။   စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားသော ရွှေကုက္ကိုလ် ဒေသ ၊ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများအတွင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် BGF များကို ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျုဟာစစ်ကြောင်းနှင့်တော်လှန်းရေးပူးပေါင်တပ်များမှဗျုဟာမြောက်ဝင်ရောက်စီးနင်းတိုက်ခိုက်ကြကြောင်း၊ စစ်ကောင်စီတပ်နှင့် BGF…                    
                                            
                                    
