ကော့ကရိတ် တိုက်ပွဲတွင် Justice Soldier -PDF မှ ရဲဘော် ဘယ်ကျော် ကျဆုံးခဲ့ရ

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။
 
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲတွင် ကျားဖြူတပ်ရင်းရုံးကာကွယ်ရေးတပ်ခွဲ၊ ကျားဖြူတပ်ခွဲ ၅ (Justice soldier -PDF) ရဲဘော် ဘယ်ကျော် ဧပြီလ (၆) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။
 
ကော့ကရိတ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများကို Justice Soldier -PDF နှင့် Southern Eagle PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ (၄၀) ကျော်သေဆုံးခဲ့သည့်ကို Drone ဖြင့် ကြည့်ခဲ့သည့်အတွက် မြင်တွေ့ခဲ့ရကြောင်း Justice Soldier -PDF အဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်းတွင် စစ်ကောင်စီတပ်များ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနှင့် ရိက္ခာလိုအပ်မှုများကို အရပ်သားပြည်သူများအသွင်ယူကာ သွားလာနေသည့်အတွက် ယနေ့ (ဧပြီလ ၇ ရက်) မှစပြီး ဧပြီလ ၂၁ ရက်နေ့အထိ ပြည်သူများ ဖြတ်သန်းသွားလာခြင်း လုံးဝအသုံးမပြုကြရန်နှင့် ပြည်သူများ တော်လှန်ရေး သွေးမအေးကြဖို့ Justice Soldier -PDF အဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ကိုပြောကြားထားသည်။
 
#RedNewsAgency
By Editor