ရဲဘော်အောင်ကြီး

ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး PDA ရဲဘော် (၂) ဦးမြင့်မြတ်စွာကျဆုံး

ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး PDA ရဲဘော် (၂) ဦးမြင့်မြတ်စွာကျဆုံး

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ မန္တ​လေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒေသခံပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းနေစဉ် တိုက်ပွဲဖြစ်ပြီး ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - People's Democratic Army - PDA ရဲဘော် (၂) ဦး ဇူလိုင်လ ၂၈ ရက်နေ့ ညနေ (၅) နာရီခန့်က ကျဆုံးခဲ့ရကြောင်း သိရသည်။ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ လှုပ်ရှားဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ခုခံရင်ဆိုင်ရင်း ရဲဘော် အသေးလေး (ခ) နေတိုးအောင်နှင့် ရဲဘော် အောင်ကြီး(ခ) အောင်ပြည်စုံတို့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရပြီး၊ MA 1 (၁)လက်၊ BA 94 (၁)လက်တို့ ဆုံးရှုံးခဲ့ရသည်ဟု People's Democratic…
Read More