RNA_ဇူလိုင်(၂၁)၊၂၀၂၅ခုနှစ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ နှင့် မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။
စစ်ကောင်စီ၏ ကျေးရွာ (၃) ရွာမှ စစ်သရစခန်းများကို မန္တလေး PDF နှင့်မဟာမိတ်များက ဇူလိုင် (၂၀) ရက်နေ့က သိမ်းပိုက်နိုင်ခဲ့မှုအတွင်း ဒရုန်းဂျမ်ဘာ ကားတစ်စီး၊ ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်သုံ့ပန်း (၁၆) ဦးဖမ်းဆီးရမိသည့်အပြင် စစ်ကောင်စီတပ်သား အလောင်း (၁၅) လောင်း တွေ့ရှိခဲ့သည်ဟု မန္တလေး PDF ကယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သည့် စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပကဖ နှင့် SSTF တပ်ဖွဲ့တို့မှ ပူးတွဲဖော်ဆောင်ခဲ့သည်ဟု သိရသည်။