လက်ဆည်ရဲစခန်းတိုက်ပွဲတွင် ရဲဘော် (၂)ဦး မြင့်မြတ်စွာကျဆုံး

RNA_ဇူလိုင်(၂၁)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ရဲအင်အား (၂၅) ဦးခန့်အထိုင်ချတပ်စွဲထားသော လက်ဆည်ရဲစခန်းတိုက်ပွဲတွင် အမှတ် ( ၈ ) စစ်ကြောင်းမှ ရဲဘော် (၂) ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်ဟု အမှတ် ၈၊ စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။
ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ဇူလိုင် ၁၇ ရက်နေ့ နံနက် တိုက်ပွဲတွင် လက်ဆည်ရဲစခန်းရှိ ဘန်ကာများကို တဆင့်ချင်း တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့စခန်းတွင်းမှ ရဲတန်းလျား (၄)ဆောင်၊ ဘန်ကာ(၄)ခု အထိသိမ်းပိုက်နိုင်ခဲ့ပြီး၊ ပင်မ အဆောက်အဦ (၁)ဆောင်နှင့် ဘန်ကာ (၂) ခုသာ သိမ်းပိုက်ရန်ကျန်ရှိနေချိန် စစ်ကောင်စီတပ်စစ်ကူများရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု သိရသည်။

လက်ဆည်ရဲစခန်းတိုက်ပွဲအတွင်း ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ / ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၏ စစ်ဦးစီး‌ရေးချုပ် တာဝန်ဖြင့်လည်းကောင်း၊ ညီညွတ်ရေး တပ်ပေါင်းစုကို မျှော်ရည်သည့် အမှတ် (၈) စစ်ကြောင်း ၏ သက်တမ်းသုံးကြိမ်လုံးတွင် စစ်ကော်မရှင် အဖွဲ့ဝင်အဖြစ်လည်ကောင်း တာဝန်ထမ်းဆောင်နေသော ရဲဘော် နဂါးနှင့်ရဲဘော် စိုင်းနောင်တို့ ကျဆုံးခဲ့ရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အနည်းဆုံး (၃) ဦးသေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲကို အမှတ် (၈) စစ်ကြောင်း ဦးဆောင်မှုဖြင့် ပခုက္ကူခရိုင်တပ်ရင်း (၁၉) တပ်ခွဲ ၃ (ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့)၊ အညာ‌မြေ တပ်ပါင်းစု၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု (PLC) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
#RedNewsAgency #REDNEWS #RNA
By RNA Editor