23
Jul
RNA_ဇူလိုင်(၂၃)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းတိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးခဲ့ရသော ပြည်သူ့တော်လှန်ရေးတပ်ဦး၏ တပ်စု၂၊ တပ်စုမှူး၊ အမှတ် (၈) စစ်ကြောင်း၏ တပ်စိတ်မှူး ရဲဘော်စိုင်းနောင်(ခ)ရဲဘော်ထွန်းခ (အသက် ၁၉ နှစ်)၏ ဈာပနအခမ်းအနားကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၏ ယာယီဌာနချုပ် တနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို အမှတ် (၈) စစ်ကြောင်းရဲဘော်များနှင့် မဟာမိတ်များပူးပေါင်းပြီး ဇူလိုင်လ (၁၇) ရက်နေ့က တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)မှ ရဲဘော် စိုင်းနောင် (ခ) ရဲဘော် ထွန်းခနှင့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ / ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၏ စစ်ဦးစီးရေးချုပ် တာဝန်ဖြင့်လည်းကောင်း၊ အမှတ် (၈) စစ်ကြောင်း၏…