RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီအဆောက်အဦ ပြိုကျပြီး (၂) ဦးသေဆုံးခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ် ပအဖတာဝန်ခံနှင့်အတူ တာဝန်ရှိသူများက (၂) သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်ပအဖတာဝန်ခံနှင့်အတူ လူသားစာနာ ကိုယ်စားလှယ်၊ ပလဖခေါင်းဆောင်၊ ပလဖဒုခေါင်းဆောင်၊ စခန်းမှူး၊ စည်ပင်တာဝန်ခံ၊ စိုက်/မွေးတာဝန်ခံ၊သယံဇာတတာဝန်ခံ၊ တိုက်နယ်(၁)ပအဖ/ပလဖတာဝန်ခံ၊ တိုက်နယ်(၃)ပအဖ/ပလဖတာဝန်ခံများ နယ်မြေကွင်းဆင်းပြီး သေဆုံးသူ(၂)ဦးအတွက် (၂)သိန်းကျပ်၊ ထိခိုက်သူ(၈)ဦးအတွက် (၄)သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်ဟူ NUG ကယနေ့ထုတ်ပြန်ထားသည်။
#RedNewsAgency #RedNews #RNA