RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ကြောင့် ပြိုကျပျက်စီးမှုအတွင်း ပိတ်မိပြီး ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရပါသည်ဟု ဧပြီလ ၁ ရက်နေ့မှာ အရှင်အာစိဏ္ဏက အသိပေးထားသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင် လှုတ်ခဲ့မှုအတွင်း ရှေးဟောင်းတိုက်ကျောင်းအတွင်းမှ ယဉ်ကျေးလိမ္မာ သင်တန်းသူ/သားများ ထွက်ပြေးတိမ်းရှောင်မှုနှင့် ကယ်တင်မှုအတွင်းမှ အယောက် (၂၀) ကျော်ခန့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
#RedNewsAgency #REDNEWS #RNA #Myanmar #earthquake #Earthquake2025 #Burma