လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

RNA_ဧပြီ()၊၂၀၂၅ခုနှစ်။

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးများ၊ CDM အမျိုးသမီးလေးများစသည့် အမျိုးသမီးများ စုဖွဲ့ထားသော Resilient Women’s Creative Network အဖွဲ့ဝင်များ၏ ကိုယ်တိုင်ထုတ်လုပ်ထားသည့် လက်မှုပစ္စည်းထုတ်ကုန်မျိုးစုံအရောင်းပြပွဲမှ ရောင်းရသမျှငွေအားလုံးကို မြန်မာနိုင်ငံအတွင်းက ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

Resilient Women’s Creative Network အဖွဲ့ဝင်များ၏ လက်မှုပစ္စည်းထုတ်ကုန်များကို Blue Pond Cafe မှာလည်း ဝယ်ယူရရှိသလို ယနေ့ (ဧပြီလ ၁ ရက်) ညနေပိုင်းတွင်လည်း Memories of Maesot မှာပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ပြပွဲနှင့်ရောင်းချမှုများကို မဲဆောက်ရှိ မြန်မာအများစုရှိသော နေရာများတွင် () ရက်တိုင်ပြုလုပ်သွားမည်ဟု မဇာလီက ပြောပြထားသည်။

#RedNewsAgecny #RNA #RedNews

By RNA Editor