စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ခုဖြစ်သည့် တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက်

RNA_မေ(၁၅)၊၂၀၂၅ခုနှစ်။

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ) မြို့နယ်၊ ကာတဲကျေးရွာအနီးတွင် စစ်ကောင်စီတပ် ခလရ−၂၄ နှင့် အမြောက်တပ် အမတ−၃၁၁တို့ အခြေစိုက်တပ်စွဲထားသော တညာကျိုး(ခ) တာလယ်ဗျုဟာစခန်းကို KNU တပ်မဟာ (၇) လက်အောက်ခံ K.N.L.A နှင့် K.N.D.O တို့ မေလ (၁၃) ရက်နေ့ ည (၇) နာရီအတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း သိရသည်။

 

စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ခုဖြစ်သည့် တာလယ်ဗျုဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအမြောက်တပ်မှ ဗိုလ်ကြီး(၁)ဦးအပါအဝင်တပ်သား (၉) ဦး သေဆုံးခဲ့ပြီး၊ ခလရ−၂၄ ဒုတပ်ရင်းမှူးနှင့် တပ်သားများ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် K.N.L.A နှင့် K.N.D.O တို့လိုက်လံဖမ်းဆီးလျက်ရှိသည်ဟု KNU ကယနေ့ထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor