ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲတွင် Federal Wings အဖွဲ့မှ ဒရုန်းသစ်များအသုံးပြုတိုက်ပွဲဝင်ခဲ့

RNA_မေ(၂၄)၊၂၀၂၅ခုနှစ်။
ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ် ဘလယ်ဒို ကျေးရွာအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းသိမ်းတိုက်ပွဲတွင် Cobra Column (FW) များနှင့် ယခင်ဒရုန်းများထွက် စွမ်းအား (၃) ဆခန့်ပိုအားကောင်းသည့် FW Hercules – 3 (FW H3) ဒရုန်းများပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု Federal Wings ကအသိပေးထားသည်။

ကော့ကရိတ်မြို့နယ် ဘလယ်ဒို (ဘျၢၣ်ဒိၣ်) စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) ပူးပေါင်းတပ်များက မေလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု KNU ကထုတ်ပြန်ထားသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
By RNA Editor