ညောင်ကုန်းရဲစခန်းအနီးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ (၅) ဦးသေဆုံး

Written by

in

RNA_ဇွန်(၂၈)၊၂၀၂၅ခုနှစ်။

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီးရှိဂိတ်စခန်းကို အောင်ဆန်းမြေတပ်ဖွဲ့ (Aung San’s Land Natmauk) ရဲဘော်များက ဇွန်လ ၂၆ ရက်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာခံ ဗိုလ် (၁) ဦးအပါအဝင် (၄) ဦးနှင့် ပျူ(၁) ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

ဂိတ်စခန်းတိုက်ခိုက်မှုအတွင်း ပျူတစ်ဦးနှင့်ရဲတစ်ဦးမှာ လက်နက်ယူထွက်ပြေးသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် (၃) မိနစ်အတွင်း စစ်ကောင်စီလက်အောက်ခံ (၅) ဦးသေဆုံးပြီး MA -1 သေနတ် ၃ လက် ( ၁ လက်ပျက်စီး)၊ 5.56 ကျည် ၆၄ တောင့်၊ ခရီးသွားပြည်သူများထံမှ အဓမ္မဂိတ်ကြေးကောက်ခံငွေ ၁ သိန်း ၈သောင်း ၅ ရာကျပ်နှင့် ဖုန်း (၂) လုံးတို့သိမ်းဆည်းရမိခဲ့ပြီး၊ Aung San’s Land Natmauk ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့သည်ဟု သိရသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA