RNA_အောက်တိုဘာ(၄)၊၂၀၂၄ခုနှစ်။
၁၀၂၇ စစ်ဆင်ရေး – အပိုင်း (၂) နှင့် ရှမ်းမန်း စစ်ဆင်ရေးအတွင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် – DOUNG NI People Defence Force – DNPDF မှ ဒုစစ်ရေးတာဝန်ခံ ၁ ဦး၊ တပ်ခွဲမှူး ၂ ဦး၊ တပ်စိတ်မှူး ၁ဦး၊ ရဲဘော် (၅) တို့ ကျဆုံးခဲ့ရသည်ဟု ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံ ကိုလင်္ကျာက ပြောသည်။
ရှမ်းမန်းစစ်ဆင်ရေးအတွင်း မန္တလေး PDF နှင့်အတူ ကျောက်ဆည်ခရိုင်တပ်ရင်း (၁) (၂)၊ မြင်းခြံခရိုင်းတပ်ရင်း (၄)၊ ညောင်ဦးခရိုင်တပ်ရင်း(၃)၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ ဝက်လက်ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်၊ စဉ့်ကိုင်တော်လှန်ရေးတပ်ဖွဲ့၊ တလုပ် PDF တပ်ဖွဲ့၊ National Liberation Army (NLA) တမူး၊ SSTF ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ပွဲဝင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
(more…)