Tag: KIA/KPDF

  • တာမခံဗျူဟာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်အင်အား (၆၀)ခန့် ချေမှုန်းခံရ

    တာမခံဗျူဟာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်အင်အား (၆၀)ခန့် ချေမှုန်းခံရ

    RNA_ဖားကန့်၊ မတ် (၅) ရက်၊၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပိုင်း ဖားကန့်နှင့် စစ်ကိုင်းတိုင်းအစပ်ဒေသ တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA (ရှမ်းနီလက်နက်ကိုင်တပ်) တို့ ပူးပေါင်း အထိုင်စခန်းကို ထိုးစစ်ဆင်နေစဉ် စစ်ကူတက်လာသည့် စစ်ကောင်စီတပ် အင်အား (၆၀) ပါစစ်ကြောင်း ချေမှုန်းခံလိုက်ရကြောင်း ယနေ့ KPDF သတင်းရင်းမြစ်က Red News Agencyကို အတည်ပြုပြောကြားထားသည်။

    တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA တို့ ပူးပေါင်းအထိုင်စခန်းကိုဖေဖော်ဝါရီ (၂၅) ရက်နေ့မှစ KIA/KPDF များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မတ်လ(၃)ရက်နေ့က ဖားကန့်-နမ့်မှော်ကျေးရွာ သံသုံးတောင်ဘက်မှ တာမခံဘက်သို့ အင်အား (၆၀)ခန့်ရှိ တပ်ကူစစ်ကောင်စီ၏ စစ်ကြောင်းကို တာမခံကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားချိန် မတ်လ (၄) ရက်နေ့က KIA/KPDF မှ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

    “ဒီနေ့မနက် ၈ နာရီ သတင်းအရ စကစရဲ့ တပ်ကူလာတဲ့ (၆၀)လောက်ကို ချေမှုန်းနိုင်ခဲ့တယ်၊ (၆၀ မမ)စိန်ပြောင်း၊ လက်ထောက်စက်လက်နက်ငယ်ရယ်ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်း‌တွေနဲ့ ကွန်ပျူတာတစ်လုံးရတယ်၊ ထွက်ပြေးတဲ့ ဆယ်ယောက်လောက်ကို လိုက်လံရှင်းလင်းရေး ဆောင်ရွက်နေတယ်”ဟု ဆိုသည်။

    (more…)

  • ဖားကန့်နှင့် ကာမိုင်းတကြော မဟာဗျူဟာလမ်းမကြီးပေါ်ရှိ နမ့်တိန်းစခန်းအားလုံးကို KIA/KPDF ထိန်းချုပ်နိုင်ပြီ

    ဖားကန့်နှင့် ကာမိုင်းတကြော မဟာဗျူဟာလမ်းမကြီးပေါ်ရှိ နမ့်တိန်းစခန်းအားလုံးကို KIA/KPDF ထိန်းချုပ်နိုင်ပြီ

    RNA_ဖားကန့် ဖေဖော်ဝါရီ၂၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဖားကန့်နှင့် မိုးကောင်း၊ လဝါးလမ်းပေါ်ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ အဓိကစခန်းများဖြစ်သည့် နန့်ယားစခန်းကုန်း၊ နမ့်တိန်းစခန်းကုန်းနှစ်ခုအနက် နမ့်တိန်းစခန်းကုန်း၏ တပ်စွဲထားသော ဧရိယာအကုန် သိမ်းပိုက်နိုင်ပြီဟု KIA/KPDF သတင်းရင်းမြစ်ကပြောသည်။

    “သိမ်းမိပါပြီဗျ၊ နမ့်တိန်းကို ထိန်းချုပ်နိုင်ပြီ ပြောလို့ရတယ်၊ အခုနောက်ဆုံး ဒီနေ့ နေ့လယ် ၁၂ နာရီက နောက်စခန်းကို သိမ်းလိုက်ပြီ၊ လက်နက်ကြီးပစ်ကူတွေ တအုန်းအုန်းကြားက ရခဲ့ပါပြီ”ဟု ပြောသည်။

    နိမ့်တိန်းနယ်မြေ ထိန်းချုပ်နိုင်ရေး ‌ဇန်နဝါရီ ၆ ရက်နေ့ ဝှေခါ ဗျူဟာကုန်းစတိုက်ကတည်းက ပြိုင်တူကြိုးစားခဲ့ကြသော်လည်း နိမ့်တိန်းကို အပြီးသတ် မထိန်းချုပ်နိုင်ပဲ ယနေ့ နေ့လယ်မှသာ အပိုင်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

    နမ့်တိန်း‌ဒေသ၏ တောင်ကုန်းအချို့ကို သိမ်းနိုင်သော်လည်း အင်အား (၅၀)ဝန်းကျင်သာရှိသည့် နမ့်တိန်းအထိုင်စခန်းကို မသိမ်းနိုင်သေးပဲ ဖြတ်တောက်စစ်ဆင်ရေးပြုခဲ့ရသည်ဟု KPDF သတင်းရင်းမြစ်ထံမှ သိရသည်။

    တံတားဦီး‌မှ လေယာဉ်ပစ်ကူ၊ ဖားကန့်ဗျူဟာ၊ လုံးခင်းယမ်းချက်စက်ရုံနှင့် မဇွပ်ယန် အကျဉ်းထောင်တို့မှ လက်နက်ကြီးပစ်ကူ ဆက်တိုက်ပေးခဲ့သော်လည်း နမ့်တိန်းဒေသရှိ တောတောင်တခွင် စစ်ကောင်စီ တပ်စခန်များအား ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

    ဖားကန့်ဒေသ၏ အဝင်အထွက် မဟာဗျူဟာ ဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွား အချက်အချာ နမ့်တိန်း‌ဒေသနှင့် ဖားကန့်မြို့နှင့် ဟိုပင်၊ မိုးညှင်းမြို့သွား ဝှေခါဒေသအား တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ထားနိုင်ပြီ ဖြစ်သည်။

    ဖားကန့်ဒေသသည် ကုန်းတွင်းပိတ်ဒေသတစ်ခုဖြစ်ပြီး အဝင်အထွက် လမ်းကြောင်း သုံးခုရှိသည့် အနက် နှစ်ခုကို လုံးဝထိန်းချုပ်နိုင်သည့် အနေအထားဖြစ်ပြီး နောက်ဆုံးတစ်ခုဖြစ်သည့် ရှမ်းနီ(SNA)ကြီးစိုးရာဒေသ တာမခံ၊ ဆယ်ဇင်းတစ်ဝိုက်ကို ပိတ်ဆို့ထားနိုင်ရန်သာ ကျန်တော့သည့် အခြေအနေဖြစ်သည်။

    #RedNewsAgency

  • ဖားကန့် ဝှေ့ခါဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲပြန်ရဲဘော်များ အောင်ပွဲခံ

    ဖားကန့် ဝှေ့ခါဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲပြန်ရဲဘော်များ အောင်ပွဲခံ

    RNA_ဇန်နဝါရီ(၂၇)၊၂၀၂၄ခုနှစ်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းကို KIA/KPDF များက ဝင်ရောက်တိုက်ခိုက်သိမ်းအပြီးတွင် ဒေသခံပြည်သူတချို့က အောင်သပြေနှင့်အတူ ကြိုဆိုခဲ့ကြပြီး ရဲဘော်များ အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။
     
    “KIA တပ်မဟာ (၉)ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဖားကန့်က ရဲဘော်တွေ သင်ယူကြိုးစားခဲ့ကြတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် အောင်ပွဲတွေဆက်လက်ရယူပေးသွားမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု KPDF တာဝန်ရှိသူတဦးက ဗျူဟာကုန်းတိုက်ပွဲအပြီးတွင် Red News Agecny ကိုပြောကြားထားသည်။

    (more…)

  • ဝှေခါဗျူဟာကုန်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီလက်အောက်ခံ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရ

    ဝှေခါဗျူဟာကုန်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီလက်အောက်ခံ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရ

    RNA_ဖားကန့် ဇန်နဝါရီလ ၂၂ ရက်၊၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းအား KIA/KPDF များက ဇန်နဝါရီ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ တပ်သားများ၏ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရကြောင်း သိရသည်။

    “မနေ့က (၁၂) လောင်း မြေမြှုပ်ပေးခဲ့ရတယ်၊ ငါတို့ရွာထဲအိမ်စောင့် ကျန်နေတဲ့သူတွေလိုက်ခေါ်လို့ သွားမြှုပ်ပေးတာ၊ စခန်းကုန်းပေါ်က မဟုတ်ဘူး၊ အောက်ချိုင့်လျှိုထဲကရတာ”ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

    ဝှေခါစခန်းကုန်းပေါ်မှ လက်နက်ကြီးပစ်ကူ လေယာဉ်ပစ်ကူဖြင့် စခန်းစွန့်ခွာထွက်ပြေးသည့်အတွက် စခန်းကုန်းပေါ်၌ စကစ အလောင်းသိပ်မတွေ့ရပဲ ချိုင့်ထဲလျှိုထဲထိလိုက်လံတိုက်ခိုက်ရာမှ သေဆုံးသည့် စကစ ရုပ်အလောင်းများ ကျန်ရှိနေနိုင်သေးသဖြင့် ရှာဖွေနေရဆဲဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသည့် ဗိုလ်မှူးစံလွင်သည်လည်း လွတ်မြောက်သွားသည်လား၊ သေဆုံးသွားသည်လားကို ယနေ့ အထိ အတည်မပြုနိုင်သေးကြောင်း KIA/KPDF သတင်းရင်းမြစ်ထံမှ သိရသည်။

    (more…)

  • စစ်ကောင်စီ၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည့် ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA/KPDF သိမ်းပိုက်ရရှိ၊ ဗိုလ်မှူးထွက်ပြေး

    စစ်ကောင်စီ၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည့် ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA/KPDF သိမ်းပိုက်ရရှိ၊ ဗိုလ်မှူးထွက်ပြေး

    RNA_ဖားကန့် ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ဝှေခါဗျူဟာကုန်းကို ယနေ့ နံနက် (၇)နာရီ ဝန်းကျင်က KIA/KPDF မှ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း၊ ဗျူဟာကုန်းကို ဦးဆောင်နေသည့် ဗိုလ်မှူးထွက်ပြေးသွားကြောင်း Red News Agency သတင်းရင်းမြစ်ထံမှ သိရသည်။

    “ဒီလ (၆)ရက်နေ့ကနေ စခန်းကုန်းရဖို့ ကြိုးစားခဲ့ကြတာ၊ (၁၅) ရက်မြောက်မှာ အောင်မြင်စွာ သိမ်းနိုင်ခဲ့တာပါ၊ ဝှေခါဗျူဟာဆိုတာ ဖားကန့်နဲ့အင်းတော်ကြီးဒေသကို ချိတ်ဆက်ထားတဲ့ အရေးပါတဲ့ စခန်းကုန်းတစ်ခုပါ၊ ‌ဗျူဟာက ဗိုလ်မှူးနဲ့အဖွဲ့တွေ ထွက်ပြေးတာကို လိုက်ဖမ်းတာနဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာမို့ အခြေအနေအသေးစိတ်ကိုတော့ မထုတ်ပြန်နိုင်သေးပါဘူး”လို့ သတင်းရင်းမြစ်က ပြောထားသည်။

    (more…)

  • ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

    ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

    RNA_ဖားကန့် ဇန်နဝါရီလ ၆ ရက်၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ အထိုင်စခန်းများဖြစ်သည့် ဖားကန့်-မိုးကောင်း ကားလမ်းမကြီးပေါ်ရှိ နမ့်တိန်း‌ကျေးရွာ စခန်းကုန်းနှင့် ဝှေခါ‌ကျေးရွာအပိုင်းရှိ ဗျူဟာကုန်းနှင့်ရဲစခန်းကုန်းတို့အား KIA/KPDF များက တိုက်ခိုက်ခဲ့ပြီး နမ့်တိန်းစစ်တပ်စခန်းကုန်းနှင့် ဝှေခါကျေးရွာမှ ရဲစခန်းကုန်းတို့အား သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

    “နမ့်တိန်းက စစ်ကောင်စီရဲ့ အဓိကကျတဲ့အထိုင်စခန်းကို ရထားပါပြီ၊ ဝှေခါအပိုင်းက ရဲစခန်းကုန်းရထားပါပြီ၊ ရဲစခန်းမှူးကို အရှင်မိပါတယ်”ဟု KPDF ရဲဘော်တစ်ဦးက အတည်ပြုသည်။

    (more…)

  • ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

    ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

    RNA_ဖားကန့် နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူး ဆေးဆိုင်နှင့် ငွေလွှဲ ငွေထုတ်လုပ်ကိုင်သည့်ဆိုင်အား အောက်တိုဘာ ၃၁ ရက်နေ့ နေ့ခင်းက ဓါးပြတိုက်ခံရပြီး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်အပါ အခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)မှ ဖော်ထုတ်ရမိသော ကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

    ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲ၌ KPDF မှ ဖားကန့်မြို့နယ် မှော်စီစာ အပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦး နှင့် လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး KIA အရာရှိအချို့လည်းပါဝင်နေကြောင်း သိရသည်။

    “လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ် ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်၊ အပြင်မှာပြောနေကြသလို အခြား KPDF ခေါင်းဆောင်တွေဖြစ်တဲ့ ကိုတင်ကိုတို့ ကိုရန်နိုင်စိုးတို့ကို ဓါးပြမှုနဲ့ပါတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတာ မဟုတ်ပါဘူး၊ အမှုအားလုံး စစ်ဆေးပြီးတဲ့အခါ ပြည်သူကို ချပြပါမယ်”ဟု KPDF မှ တာဝန်ရှိသူက ပြောသည်။

    ဓာတ်ပုံ: အင်တာနက်- လုံးခင်းကျေးရွာ

    (more…)

  • မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/KPDF များ စီးနင်းတိုက်ခိုက်

    မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/KPDF များ စီးနင်းတိုက်ခိုက်

    RNA_ဖားကန့်၊ အောက်တိုဘာ(၂၆)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအပိုင်း ဖားကန့်-လုံးခင်းသွားကားလမ်းမကြီးပေါ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို KIA/KPDF ရဲဘော်များက ယမန်နေ့ (အောက်တိုဘာလ ၂၅ ရက်) ညပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    မြန်မာသူရကျောက်မျက်ကုမ္ပဏီ CEO ဦးကျော်သူရကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်မှုများအား ချိပ်ပိတ်သိမ်းဆည်းခဲ့ချိန်မှစပြီး ဖားကန့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီရုံးချုပ်အတွင်း စစ်ကောင်စီ လက်အောက်ခံရဲနှင့်စစ်သားများ နေရာယူတပ်စွဲထားခဲ့ခြင်း ဖြစ်သည်။

    ယမန်နေ့ည KIA/KPDF များ ကုမ္ပဏီဝန်းအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သား ၂၀ ဝန်းကျင်ခန့် ရှိနေနိုင်ကြောင်း ဒေသခံများထံမှ သိရပြီး၊ တိုက်ခိုက်မှုအတွင်း လုံးခင်းရဲစခန်းမှ ကုမ္ပဏီဝန်းအတွင်း တာဝန်ကျနေသည့် ရဲတစ်ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်သည်။

    (more…)