KIA/KPDF

တိုက်ပွဲမဖြစ်ပွားရေး ဝင်ရောက်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျည်ထိ

တိုက်ပွဲမဖြစ်ပွားရေး ဝင်ရောက်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျည်ထိ

RNA_ဖားကန့်၊ စက်တင်ဘာ (၉)၊ ၂၀၂၄ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း ပိတ်မိနေသော စစ်ကောင်စီတပ်သားများ ထွက်ခွင့်ရရေးနှင့် KIA/KPDF တိုက်ပွဲမဖြစ်ပွားရေးအတွက် ယနေ့ ညှိနှိုင်းမှု သွားရောက်ပြုလုပ်သည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင် ပေါင်တွင် သေနတ်ကျည်ထိကာ ညှိနှိုင်းမှု အဆင်မပြေခဲ့ဟု သိရသည်။ စက်တင်ဘာ (၆) ရက်နေ့ည (၁၂)နာရီ‌‌ခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ကာ ဆိပ်မူကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး Lucky Man Hotel & KTV ကို ဝင်စီးခဲ့ရာ ဟိုတယ်အတွင်းမှ KIA/KPDF အချို့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသည့် KIA/KPDF အချို့ကို လွတ်ပေးပြီးနောက်…
Read More
KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

"KIA ပူးပေါင်းတပ်တို့သည် မိုးမောက်၊ မံစီ၊ ဗန်းမော် မြို့ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည်် မြို့ထဲရှိစခန်းများသို့ သွားရောက်ပူးပေါင်းကာ ပြည်သူများကို အကာကွယ်ယူ ( လူသားဒိုင်း) ပြီး ပြန်ခုခံဖို့ ကြိုးစားနေသည်" သူရိန် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ မတ်လ ၇ ရက်နေ့က စတင်ခဲ့သည့် စစ်ရေးအရှိန်ဟာ နှစ်လအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ‌၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် KIA က စစ်ရေးအရှိန်မြှင့်လာပြီး စစ်ကောင်စီတပ် အထိနာနေသည့် အနေအထားဖြစ်သည်။ ကချင်လွတ်မြောက်ရေးတပ်မတော်၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အဝင်မှာ မတ်လ ၇ ရက်စစ်ဆင်ရေးစပြီး တစ်လကျော်အကြာ ဧပြီလ ၂၆…
Read More
ဖားကန့်၌ စရဖ ဒုတပ်ကြပ်တစ်ဦး လက်ထိပ်ခတ်လျက် ပစ်သတ်ခံရ

ဖားကန့်၌ စရဖ ဒုတပ်ကြပ်တစ်ဦး လက်ထိပ်ခတ်လျက် ပစ်သတ်ခံရ

RNA_ဖားကန့်၊ မေ (၇)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၊ ရင်ရင်ကိတ်မုန့်ဆိုင်ရှေ့၌ ယမန်နေ့ည (၇) နာရီခန့်က စရဖ ဒုတပ်ကြပ် တစ်ဦး လက်ထိပ်ခတ်ခံရလျက်အနေအထားဖြင့် ပစ်သတ်ခံထားရသည်။ ပစ်သတ်ခံရသူ (အမည်မသိရှိရသေး) စရဖ ဒုတပ်ကြပ်၏ ဘေးတွင် ‌ဆိုင်ကယ်တစ်စီးလဲနေသည်ကို တွေ့ရပြီး၊ စရဖ ဒုတပ်ကြပ်အား KIA/KPDF ရဲဘော်များက ဖမ်းဆီးထားစဉ် ကိတ်မုန့်ဆိုင်ထဲဝင်ပြေးရန်ကြိုးစားသည့်အတွက် ပစ်ခတ်ခဲ့ရကြောင်း သိရသည်။ "မစ်ရှင်ဖော်တဲ့ ကလေးတွေနဲ့တော့ အဆက်အသွယ်မရသေးပါဘူး၊ အဲ့တာကြောင့် နာမည်မသိရသေးဘူး၊ စရဖ ဒုတပ်ကြပ် မှန်ပါတယ်၊ ဖမ်းဆီးထားစဉ် ထွက်ပြေးလို့ ပစ်တယ်လို့လည်း သတင်းရထားပါတယ်"ဟု KPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဧပြီ ၂၄ ရက်နေ့ နေ့ခင်း…
Read More
KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်

KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်

RNA_ဧပြီ(၁၂)၊၂၀၂၄ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း KIA နှင့်အတူ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေသည့် KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်ကို ပြည်သူများ ကြည့်ရှုနားဆင်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ်သား ၃၀ ကျော် အလံဖြူထောင် လက်နက်ချသည့် နန့်ယား စစ်တပ်စခန်းကုန်းကို KIA/KPDF သိမ်းပိုက်

စစ်ကောင်စီတပ်သား ၃၀ ကျော် အလံဖြူထောင် လက်နက်ချသည့် နန့်ယား စစ်တပ်စခန်းကုန်းကို KIA/KPDF သိမ်းပိုက်

RNA_ဖားကန့်၊ ဧပြီ (၁၁)၊၂၀၂၄ ခုနှစ်။ ဖားကန့်မြို့နှင့် မိုးကောင်းမြို့သွား ကားလမ်းပါ်ရှိ နန့်ယားကျေးရွာတွင် အခိုင်အမာ တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၃၀) ကျော်အလံဖြူထောင်လက်နက်သည့်အတွက် KIA/KPDF ပူးပါင်းအဖွဲ့က ယနေ့ (ဧပြီလ ၁၁ ရက်) နံနက် (၆)နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့‌‌သည်။ ယနေ့နံနက် (၆) နာရီခန့်က စစ်သုံ့ပန်း (၃၀) ကျော် အလံဖြူထောင် လက်နက်ချအပြီး နန်ယားစခန်းကုန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်က အတည်ပြုသည်။ ဧပြီ (၉)ရက် နံနက်က နန့်ယားစစ်တပ်စခန်းကို KIA/KPDF က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်မှသာ  သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ််််််််ကြောင်း၊ နန့်ယားကျေးရွာသည် ဖားကန့်မြို့နှင့် မိုးကောင်းမြို့သွားကားလမ်း၏ ခရီးတစ်ထောက်နားရာ…
Read More
စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို သိမ်းပိုက်ပြီီးနောက်တွေ့ရှိရသည့် မြင်ကွင်း

စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို သိမ်းပိုက်ပြီီးနောက်တွေ့ရှိရသည့် မြင်ကွင်း

RNA_ဖားကန့်၊ မတ်(၁၈)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံရွာအခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ တာမခံစခန်းကုန်းကို KIA/KPDF ရဲဘော်များ သိမ်းပိုက်ရရှိထားပြီးနောက် စခန်းကုန်းနှင့်လက်နက်ခဲယမ်းများကို မြင်တွေ့ရသည့် မြင်ကွင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီ၏ တာမခံစခန်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းမှာ စခန်းစွန့်ခွါထွက်ပြေးသွားခဲ့သည့်အတွက် တာမခံစခန်းကို KIA/KPDF များက မတ်လ (၉) ရက်နေ့ကတည်းက သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း၊ တာမခံစခန်းမှ ဒုတပ်ရင်းမှူး နန္ဒလင်းမှာ ကသိုဏ်းတောင်စခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း၊ တာမခံစခန်း မစွန့်ခွါမီ တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်သားအလောင်းများပါ တွေ့ရှိခဲ့ကြကြောင်း KPDF သတင်းရင်းမြစ်ထံမှ သိရသည်။ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံများသည် စခန်းစွန့်ခါမှုများနှင့်အတူ ပူးပေါင်းစခန်းများပါ KIA/KPDF များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်မှုများရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံများလည်း သေဆုံးမှုများရှိပြီး စစ်ကောင်စီဘက်မှလေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများရှိခဲ့ကြောင်း၊…
Read More
စစ်တပ်ကင်းစင်နယ်မြေဖြစ်လာနိုင်တဲ့ ကချင်ပြည်နယ်ရှိ စစ်ရေးအောင်မြင်မှုများ

စစ်တပ်ကင်းစင်နယ်မြေဖြစ်လာနိုင်တဲ့ ကချင်ပြည်နယ်ရှိ စစ်ရေးအောင်မြင်မှုများ

"ကချင်လူမျိုးတို့၏ရိုးရာဓလေ့ဖြစ်သည့် စစ်အောင်နိုင်ချိန်၌ အောင်ပွဲခံကျင်းပလေ့ရှိသော ပဒန်မနောပွဲများတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )အတွက် ကချင်လူမျိုးတို့၏ ကျေးဂျူးကဘာဆိုင်ရော စကားဆိုသံများသည် ကျယ်လောင်စွာ ပြန့်လွင့်နေတော့မည်" ကေဂျီ လက်ရှိအချိန်တွင်ဖြစ်ပေါ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေးအောင်မြင်မှုများ၊ နယ်မြေစိုးမိုးလာနိုင်မှုများနှင့် အဖွဲ့အစည်း၏ မှုဝါဒ၊ ရည်မှန်းချက်များပြည့်မှီအောင်ဖော်ဆောင်နိုင်မှုများ တိုးတက်အားကောင်းလာပြီး အောင်မြင်မှုများစွာရရှိလာခြင်းသည် ၂၀၂၁ ခုနှစ် စစ်တပ်၏ နိုင်ငံ့အာဏာသိမ်းယူခြင်းမှ ဖြစ်ပေါ်လာသော  အကျိုးသက်ရောက်မှုများကြောင့် ဖြစ်သည်ဟုဆိုနိုင်ပါသည်။ ထို့ထက်ပို၍ နိုင်ငံသူ၊နိုင်ငံသားတို့၏ မုန်းတီးမှုနှင့် စွန့်ပစ်ခြင်းခံလိုက်ရသောကြောင့် နိုင်ငံ့တပ်မတော်မှ အကြမ်းဖက်စစ်တပ် အဖြစ်ပြောင်းလဲသွားသော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ ကျဆုံးခန်းနေဝင်ချိန် ရောက်ရှိလာခြင်းဖြစ်သည်ဟုလဲ ဆိုရပေမည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်တပ်တို့ကြား၌ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုင်ရာ ညှိနှိုင်း၍မရနိုင်သော ပဋိပက္ခများကြောင့် ပြည်တွင်းစစ်ကို ဆင်နွှဲလာခဲ့ကြသည်မှာ…
Read More
တာမခံဗျူဟာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်အင်အား (၆၀)ခန့် ချေမှုန်းခံရ

တာမခံဗျူဟာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်အင်အား (၆၀)ခန့် ချေမှုန်းခံရ

RNA_ဖားကန့်၊ မတ် (၅) ရက်၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပိုင်း ဖားကန့်နှင့် စစ်ကိုင်းတိုင်းအစပ်ဒေသ တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA (ရှမ်းနီလက်နက်ကိုင်တပ်) တို့ ပူးပေါင်း အထိုင်စခန်းကို ထိုးစစ်ဆင်နေစဉ် စစ်ကူတက်လာသည့် စစ်ကောင်စီတပ် အင်အား (၆၀) ပါစစ်ကြောင်း ချေမှုန်းခံလိုက်ရကြောင်း ယနေ့ KPDF သတင်းရင်းမြစ်က Red News Agencyကို အတည်ပြုပြောကြားထားသည်။ တာမခံကျေးရွာရှိ စစ်ကောင်စီနှင့် SNA တို့ ပူးပေါင်းအထိုင်စခန်းကိုဖေဖော်ဝါရီ (၂၅) ရက်နေ့မှစ KIA/KPDF များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မတ်လ(၃)ရက်နေ့က ဖားကန့်-နမ့်မှော်ကျေးရွာ သံသုံးတောင်ဘက်မှ တာမခံဘက်သို့ အင်အား (၆၀)ခန့်ရှိ တပ်ကူစစ်ကောင်စီ၏ စစ်ကြောင်းကို တာမခံကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားချိန်…
Read More
ဖားကန့်နှင့် ကာမိုင်းတကြော မဟာဗျူဟာလမ်းမကြီးပေါ်ရှိ နမ့်တိန်းစခန်းအားလုံးကို KIA/KPDF ထိန်းချုပ်နိုင်ပြီ

ဖားကန့်နှင့် ကာမိုင်းတကြော မဟာဗျူဟာလမ်းမကြီးပေါ်ရှိ နမ့်တိန်းစခန်းအားလုံးကို KIA/KPDF ထိန်းချုပ်နိုင်ပြီ

RNA_ဖားကန့် ဖေဖော်ဝါရီ၂၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဖားကန့်နှင့် မိုးကောင်း၊ လဝါးလမ်းပေါ်ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ အဓိကစခန်းများဖြစ်သည့် နန့်ယားစခန်းကုန်း၊ နမ့်တိန်းစခန်းကုန်းနှစ်ခုအနက် နမ့်တိန်းစခန်းကုန်း၏ တပ်စွဲထားသော ဧရိယာအကုန် သိမ်းပိုက်နိုင်ပြီဟု KIA/KPDF သတင်းရင်းမြစ်ကပြောသည်။ "သိမ်းမိပါပြီဗျ၊ နမ့်တိန်းကို ထိန်းချုပ်နိုင်ပြီ ပြောလို့ရတယ်၊ အခုနောက်ဆုံး ဒီနေ့ နေ့လယ် ၁၂ နာရီက နောက်စခန်းကို သိမ်းလိုက်ပြီ၊ လက်နက်ကြီးပစ်ကူတွေ တအုန်းအုန်းကြားက ရခဲ့ပါပြီ"ဟု ပြောသည်။ နိမ့်တိန်းနယ်မြေ ထိန်းချုပ်နိုင်ရေး ‌ဇန်နဝါရီ ၆ ရက်နေ့ ဝှေခါ ဗျူဟာကုန်းစတိုက်ကတည်းက ပြိုင်တူကြိုးစားခဲ့ကြသော်လည်း နိမ့်တိန်းကို အပြီးသတ် မထိန်းချုပ်နိုင်ပဲ ယနေ့ နေ့လယ်မှသာ အပိုင်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ နမ့်တိန်း‌ဒေသ၏ တောင်ကုန်းအချို့ကို…
Read More
ဖားကန့် ဝှေ့ခါဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲပြန်ရဲဘော်များ အောင်ပွဲခံ

ဖားကန့် ဝှေ့ခါဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲပြန်ရဲဘော်များ အောင်ပွဲခံ

RNA_ဇန်နဝါရီ(၂၇)၊၂၀၂၄ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းကို KIA/KPDF များက ဝင်ရောက်တိုက်ခိုက်သိမ်းအပြီးတွင် ဒေသခံပြည်သူတချို့က အောင်သပြေနှင့်အတူ ကြိုဆိုခဲ့ကြပြီး ရဲဘော်များ အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။   "KIA တပ်မဟာ (၉)ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဖားကန့်က ရဲဘော်တွေ သင်ယူကြိုးစားခဲ့ကြတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် အောင်ပွဲတွေဆက်လက်ရယူပေးသွားမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်" ဟု KPDF တာဝန်ရှိသူတဦးက ဗျူဟာကုန်းတိုက်ပွဲအပြီးတွင် Red News Agecny ကိုပြောကြားထားသည်။ (more…)
Read More