CDM

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။   ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လျစ်လျူရှုစွန့်ပစ်ခြင်းခံခဲ့ရသည့် ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း (၁၃၄) ဦးနှင့် ယင်းတို့၏ မိသားစုဝင် (၆၄) ဦးကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုမှ ဘေးလွတ်ရာသို့ ကယ်တင်ခေါ်ထုတ်ပေးခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ပြည်ထဲရေးဌာနမှ ယမန်နေ့က ထုတ်ပြန်ထားသည်။   လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ယင်းမိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာဖြင့် စောင့်ရှောက်ထားသည်ဟု သိရသည်။ (more…)
Read More
စစ်ကောင်စီတပ်အင်အား ၅၀ ရှိ စခန်းတခုလုံး အညံ့ခံမှုကြောင့် အားလုံး အသက်ချမ်းသာပေးခဲ့

စစ်ကောင်စီတပ်အင်အား ၅၀ ရှိ စခန်းတခုလုံး အညံ့ခံမှုကြောင့် အားလုံး အသက်ချမ်းသာပေးခဲ့

RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် အင်အား (၅၀) ရှိ စခန်းတခုကို (၂) နာရီအတွင်း မဟာမိတ် တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်​သော်လည်း အားလုံး အချိန်မီ အညံ့ခံခဲ့သောကြောင့် အားလုံးကို အသက်ချမ်းသာပေးခဲ့ပြီး လုံခြုံစွာ နေရာချ​ပေးခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းချက်ကို MNDAA၊ TNLA၊ AA တို့ထံ အသက်မသေလို၍ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်မသေလိုသည့်အပြင် မိသားစုနှင့် ပေါင်းစည်းလို၍ အလင်းဝင်ရောက်လာသူ (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များထံ ဆက်သွယ် အလင်းဝင်သူများ၏ အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူဂုဏ်သိက္ခာ ၊ စစ်သားဂုဏ်သိက္ခာ…
Read More
ကရင်နီပြည်ရဲဌာန (၂) နှစ်ပြည့်အထိမ်းအမှတ် အကျဉ်းသား (၃၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ကရင်နီပြည်ရဲဌာန (၂) နှစ်ပြည့်အထိမ်းအမှတ် အကျဉ်းသား (၃၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

RNA_ဩဂုတ်(၂၅)၊၂၀၂၃ ခုနှစ်။  ကရင်နီပြည်နယ်အတိုင်ပင်ကောင်စီနှင့် ကြားကာလ ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ၏ ကြပ်မတ်လမ်းညွှန်မှုဖြင့် ကရင်နီပြည်ရဲဌာန ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဖြင့် ယနေ့တွင် အကျဉ်းသား (၃၈) ဦးကို ပြစ်ဒဏ်လျော့ပေ့ါကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။  ကရင်နီပြည်ရဲဌာနကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ၂ နှစ်ပြည့်ချိန်တွင် ခိုးမှု၊ မူးယစ်ဆေးမှုအပါအဝင် အမှု (၃၆၂) မှုကိုအရေးယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ကျူးလွန်ခဲ့သည့် မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် နမ်းနိမ်းကျေးရွာဘုန်းကြီးကျောင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ မီဒီယာများသို့ ချပြခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း…
Read More
တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

RNA_ဇူလိုင်(၉)၊၂၀၂၃ ခုနှစ်။ “ကျွန်တော်အတွေ့အကြုံအရ သိလိုက်ရတယ် တောင်းယူလို့တော့မရတော့ဘူး တိုက်ယူမှရတော့မယ် ကျွန်တော် ကိုယ့်ကိုယ်ကို တောခိုသင့်တဲ့အချိန်တန်ပြီပေါ့” ဟုစသဖြင့်  "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်မှာ CDM စစ်သား ကဗျာဆရာဂနိုက်၏ ရင်တွင်းစကားများ၊ အတွေ့အကြုံများနှင့် ခံယူချက်စသည်တို့ကို ပြောကြားထားသည်။ Red News Agency
Read More
အကြောက်တရားနဲ့ ဖိအားတွေအောက်မှာ စစ်မှုထမ်းရတော့မယ့် Non CDM များ

အကြောက်တရားနဲ့ ဖိအားတွေအောက်မှာ စစ်မှုထမ်းရတော့မယ့် Non CDM များ

"အခုဆိုရင် ကင်းစခန်းငယ်လေးတွေမှာ ရဲ‌နဲ့ အရပ်ဝတ် လက်နက်ကိုင်တွေကို ပိုသုံးလာတာတွေ့ရမှာပါ။ ပျူစောထီးအမည်ခံလည်းမမဟုတ် ပြည်သူ့စစ်လဲအမည်မခံတဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေအဖြစ် အသုံးချခံနေကြရတာ Non-CDM တွေဖြစ်တယ်" နောင်ရိုး အခုရက်ပိုင်း ကြားနေရတဲ့ သတင်းတွေအရ စစ်ကောင်စီက ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှာ စစ်သင်တန်းနဲ့ ပစ်ခတ်‌မှုသင်တန်းစဉ်တွေကို အဓိက ထား သင်ကြားလာပြီး လိုအပ်လာရင် စစ်ကောင်စီလက်အောက်က ဝန်ထမ်းတွေလည်း စစ်မှုထမ်းရမယ်ဆိုတဲ့ အကြောင်းပါ။ စစ်ကောင်စီအနေနဲ့ ဝန်ထမ်းတွေ၊တက္ကသိုလ်‌ ကျောင်းသား‌တွေကိုသေနတ်ပစ်သင်ပေးတာက မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အရင် NLD အစိုးလက်ထပ်ကတည်းက စစ်တပ်က တိုင်းပြည်ရဲ့ အရံအင်အားဖြစ်တဲ့ ရဲ၊မီးသတ်၊ ကြက်ခြေနီ အပါအဝင်၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာဆရာမတွေကို စစ်ရေးပြနဲ့ သေနတ်ပစ်ခတ်တာကို သင်ကြားလေ့ရှိပါတယ်။ ဒါပေမယ့်အရင်ကတော့ အဖြစ်သဘောမျိုးပဲ…
Read More
KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာချိန် စစ်ကောင်စီတပ်ထောက်ခံသူများက KIA ကို အပြတ်တိုက်မည်ဟု ပြောကြသူများသည် KIA နှင့်တိုက်ပွဲတွင် မပါအဝင်သူများသာဖြစ်ပြီး တကယ့်တိုက်ပွဲများတွင် စစ်တပ်က ဗျူဟာမှူးများပါ ထွက်ပြေးရသည့် အခြေအနေများရှိကြောင်း CDM ဗိုလ်ကြီး ကိုထက်မြတ်က ပြောကြားထားသည်။ ကချင်ပြည်နယ်မှာ တိုက်ပွဲဝင်ခဲ့ချိန် ဗျူဟာမှူးပါထွက်ပြေးကြရသလို ဗန်းမော်ဆေးရုံမှာ ဒဏ်ရာရစစ်သားများနှင့်ပြည့်သွားခဲ့ကြောင်း၊ ယခုလက်ရှိ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်တို့ ကြောက်လန့်ခဲ့ပုံများ စသည်တို့ကို ပြောကြားထားခြင်း ဖြစ်သည်။ #RedNewsAgency
Read More
အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

RNA_ဇွန်(၃၀)၊၂၀၂၃ ခုနှစ်။ စစ်တပ်အာဏာသိမ်းပါက လက်နက်ကိုင်တော်လှန်ဖို့တွေးထားခဲ့ပြီး ယခုလက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည့် ရေတပ် CDM - အုပ်ခွဲတပ်ကြပ်ကြီးဖြစ်သည့် တောင်ညိုစစ်ကြောင်း လက်နက်ကြီးတာဝန်ခံ (ယာယီ) ကိုမြတ်မင်းသူက အတွေ့အကြုံ​တွေ၊ ခံယူချက်တွေကို ပြောကြားထားသည်။ Red News Agency
Read More
တပ်ထဲက အကြောင်းများပြောတဲ့ CDM တပ်ကြပ်ကြီးများ

တပ်ထဲက အကြောင်းများပြောတဲ့ CDM တပ်ကြပ်ကြီးများ

RNA_ဇွန်(၂၀)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်ရပ်တည်ခဲ့ကြသည့် စစ်ကောင်စီတပ်အတွင်းမှ CDM တပ်ကြပ်ကြီးများက တပ်တွင်းအခြေအနေများနှင့် အတွေ့အကြုံများကို " ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဉ်တွင် ပြောကြားထားကြသည်။ #RedNewsAgency
Read More
PDF စစ်သားလို့ခံယူထားသည့် နဂါးနီစစ်ကြောင်းက CDM ဒုဗိုလ်ကိုဟိန်း

PDF စစ်သားလို့ခံယူထားသည့် နဂါးနီစစ်ကြောင်းက CDM ဒုဗိုလ်ကိုဟိန်း

RNA_ဇွန်(၁၆)၊၂၀၂၃ ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး CDM ပြုလုပ်သည့် စစ်တပ်မှ အရာရှိများထဲတွင်ပါခဲ့ပြီး ပထမဆုံး PDF အပတ်စဉ် (၁) သင်တန်းကို သင်တန်းပေးခဲ့သည့် နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်မှူး CDM ဒုဗိုလ်ကိုဟိန်းက အာဏာသိမ်းချိန်က ကြုံတွေ့ခဲ့ရပုံများ၊ ထွက်ပြေးလွတ်မြောက်လာမှုနှင့် ယခု လုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး “ ပြည်သူ့ဘက်သား ရင်တွင်းစကား” အစီအစဉ်မှာ ပြောကြားထားသည်။ “ကိုယ့်ကိုယ်ကိုလည်း ကိုယ်လွတ်ရုန်းပြီးတော့မှ ရှင်းရှင်းပြောရရင် တတိယနိုင်ငံလည်း မသွားချင်တော့ဘူး။ အဲဒါကြောင့်မို့လို့ PDF တွေနဲ့ပဲ တူတူနေပြီးတော့ ကိုယ့်ကိုယ်ကိုလည်း PDF စစ်သားလို့ခံယူပြီးတော့မှ လူကြီးတွေ တာဝန်ပေးတဲ့အတိုင်း တာဝန်ကျေပွန်အောင် ထမ်းဆောင်တဲ့ ပြည်သူ့စစ်သားတစ်ယောက်အနေနဲ့ပဲ တာဝန်ယူလိုက်တယ်ပေါ့နော်” ဟုစသဖြင့် CDM ဒုဗိုလ် ကိုဟိန်းက…
Read More
စစ်တပ်ဆိုတဲ့ ငရဲကနေ လွတ်မြောက်ရတာ အပျော်ဆုံးပဲ

စစ်တပ်ဆိုတဲ့ ငရဲကနေ လွတ်မြောက်ရတာ အပျော်ဆုံးပဲ

RNA_ဇွန် (၁၃)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ဘက်သား ရင်တွင်းစကားအစီအစဉ်မှာ “ စစ်တပ်ထဲမှာ နေဖူးတဲ့သူတွေက စစ်တပ်ဆိုတဲ့ ငရဲကနေ လွတ်မြောက်ရတာ အပျော်ဆုံးပဲ” ဟု CDM ဗိုလ်ကြီး ကိုထက်မြတ် ဇနီး မစုသစ်က ဖြစ်ကြောင်းကုန်စဉ် အခြေအနေအရပ်ရပ်ကို ပြောကြားထားသည်။   #RedNewsAgency
Read More