” ခုနောက်ပိုင်း စစ်တပ်က သူ့ဘာသာ မတိုက်တော့ဘူး။ အဲ့ဒါတွေကို လက်နက်ထုတ်ပေးပြီး ချိုကြွအောင် မြှောက်ပေးထားတာ။ ဒီလိုအချိန် ဒီလိုနေရာမျိုးထိအောင်တောင်မှပဲ စစ်တပ်ထောက်ခံသူ လက်ပါးစေတွေက ရှိနေတုန်းပဲလားဆို မအံ့ဩပါနဲ့ “
ဒေါက်တာစိုးမင်း ( ဆရာဝန် တော်လှန်ရေးသမား)
“ယူတို့တော်လှန်ရေးကြီးက ပြီးရောပြီးဦးမှာလား။ ရှေ့လည်းဆက်မတက်ဘူး။ ဒီနားလေးတင် လည်နေတယ်။ လူတွေ ဒုက္ခရောက်လှပြီ။” လို့ စိတ်စောဝေဖန်တဲ့သူတွေ အများကြီး ရှိပါတယ်။ ကိုယ့်လာပြောရင်တော့ “ဟုတ်တယ်လေ။ အဲ့ဒါ ခင်ဗျားကြောင့်ပေါ့။” လို့ ပြန်ပြောမိမယ် ထင်ပါတယ်။ ကိုယ်တိုင်လည်း ဝင်မရုန်းပဲနဲ့ လှေကြုံစီး လှည်းကြုံစီး ရေသာခိုနေတဲ့သူတွေအတွက်ပါ ဝန်ပိုရုန်းနေရတဲ့အတွက် ခရီးမတွင်တာပါ။ လူစည်ရာပွဲရှာပြီး ဈေးဗန်းခင်းချင်သူတချို့ကြောင့်လည်း ခရီးဖင့်ရပြန်တာပဲ။ ဒီခရီး ဒီပန်းတိုင်ကို ကိုယ်တွေထက်ပိုပြီး မြန်မြန်ရောက်ချင်တဲ့သူ ရှိပါဦးမလား။ ဖြစ်နိုင်ရင် အခုချက်ချင်းတောင် မဟုတ်ဘူး။ မနေ့ကတည်းကကို ရောက်နှင့်နေချင်သူ။ ဘာအကြောင်းကြောင့်ပဲ နှောင့်နှေးသည်ဖြစ်စေ၊ ကိုယ့်အတွက်တော့ ခရီးမဖင့်စေချင်လို့ နေ့စဉ်နေ့တိုင်း မိုးလင်းကမိုးချုပ် အလုက်နဲ့လက်နဲ့ မပြတ်အောင် လှုပ်ရှားနေတာပါပဲ။ ထိုင်ငိုင်ငေးငူနေတယ်လို့ကို မရှိတာ။ အရောက်နှေးချင်နှေးလိမ့်မယ်။ ရပ်တော့မနေဘူး။ တစ်နေ့ကို တစ်လံပဲရွေ့ရွေ့ ရွှေ့မှာ။











