Tag: AA

  • စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ရက္ခိုင့်တပ်တော်က ရဲဘော် (၆) ဦးကျဆုံး

    စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ရက္ခိုင့်တပ်တော်က ရဲဘော် (၆) ဦးကျဆုံး

    RNA_ဇူလိုင် ၅၊၂၀၂၂ခုနှစ်။

    မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော် (AA)၊ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရက္ခိုင့်တပ်တော်ရဲဘော် (၆) ဦးကျဆုံးခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    Red News Agency

  • မေယုတောင်ကြား ဝေဝါးနေသောဘဝများ

    မေယုတောင်ကြား ဝေဝါးနေသောဘဝများ

    စိုင်းတင်တံတားအနီးမှာ လက်နက်ကြီး ပစ်ခတ်မှုတွေကရက်ဆက်ဖြစ်ပေါ်နေတဲ့အပြင် ကျေးရွာအနီးအနားနဲ့ လှိုင်ခေါင်းကြီးကြား မိုင်းပေါက်ကွဲတာတွေ တိုက်ခိုက်မှုတွေ စတဲ့ကိစ္စတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျေးရွာက တာဝန်ယူရမယ်လို့ မြန်မာတပ်မတော်ဖက်က ခေါ်ယူသတိပေးထား
    အောင်နိုင်သူ (ဘူးသီးတောင်|နိုဝင်ဘာ ၁၀ ရက်။)
    မြန်မာနိုင်ငံရဲ့အနောက်ဖက်တံခါး မောင်တောဒေသက အားတစ်ခုဖြစ်တဲ့ ဘူးသီးတောင်-မောင်တောကားလမ်းဘေး မေယုတောင်ကြားတွေ
    ထဲမှာ အိမ်ခြေ ၃၂ ဆောင်နဲ့ သစ်တောရွာအမည်ရှိ ကျေးရွာလေးတစ် ရွာရှိနေပါတယ်။ ဒီကျေးရွာလေးဟာ ဘူးသီးတောင်မြို့အထွက် မြန်မာ့တပ်မတော် တပ်ဗျူဟာတွေ တပ်ရင်းတွေရဲ့အလွန် ၁ မိုင်ကျော်အကွာလေးမှာ ၁၉၉၄ ခုနှစ်ကတည်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက တည်ဆောက်ပေးခဲ့တာလို့ ရွာသားတွေကဆိုပါတယ်။
    အဲဒီကျေးရွာသားတွေအားလုံးနီးပါးဟာ တောင်ယာလုပ်ငန်းနဲ့အသက် မွေးဝမ်းကျောင်းကြသလို တချို့ကတော့ ကားလမ်းနံဘေးမှာ အိမ်ဈေး ဆိုင်တွေ တည်ရောင်းကြပြီး ခုချိန်မှာတော့ သူတို့ဘဝတွေဟာ ဘာတွေဆက်လုပ်ရမလဲဆိုသေချာမသိကြတော့သလို သူတို့ဘဝအနာဂတ်တွေဟာလည်း ဝေဝါးနေတယ်လို့ ဆိုပါတယ်။
    ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
    ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
    ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
    ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
    ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား တိုက်ပွဲတွေစဖြစ်ကတည်းက မေယုတောင် ကြားလမ်းထဲမှာတော့ တခါမှ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိသေးဘူးလို့လည်း ဒေသခံတွေကဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ မောင်တောခရိုင်တရားရုံးက ရုံးထုတ် အပြန်လုံခြုံရေးကားတန်းတစ်ခုဟာ အဲဒီရွာနဲ့ သုံးဖာလုံလောက်အကွာမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး နယ်ခြားစောင့် ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ကာ အချုပ် သားအမျိုးသမီး ၂ ဦးအပါအဝင်၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    (more…)