Tag: ရေစကြို
-

BNRA နှင့် ပူးပေါင်းခဲ့သည့်အတွက် Southern YSO PDF ကို SYSO အဖွဲ့က ကူညီပံ့ပိုးမှုရပ်ဆိုင်းခဲ့
RNA_ဇန်နဝါရီ(၂၂)၊၂၀၂၄ခုနှစ်။ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA နှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သည့် Southern YSO PDF ကို ကိုရီးယားအခြေစိုက် SYSO အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ကတည်းက ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။Southern YSO PDF အနေဖြင့် အဓိက ကူညီပံ့ပိုးသည့်အဖွဲ့က ရပ်ဆိုင်းမှုနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ထုတ်ပြန်ထာသည့် ရုပ်သံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ပြဿနာဖန်တီးနေသာ လူတစုရှိနေသည့်အတွက် ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=Jg0ad85LRKA[/embedyt]မြေပြင်လိုအပ်ချက်အရ မဟာမိတ်ပူးပေါင်းတိုက်ခိုက်ရသည်ကို ရှင်းပြသော်လည်း မြေပြင်လိုအပ်ချက်ကို လျစ်လျူရှုငြင်းပယ်ခံခဲ့ရပြီး၊ မြို့နယ် ပကဖ နှင့် စကားချေတင် ပြောဆိုခဲ့ရပါသေးကြောင်း၊ Southern YSO အဖွဲ့သည် BNRA လက်အောက်ခံမဟုတ်မဟုတ်ကြောင်းနှင့် တော်လှန်ရေး လုပ်ငန်းစဉ်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့သည်သာဖြစ်သည်ဟု ပြောကြားထားသည်။#RedNewsAgency -

တော်လှန်ရေးအင်အားစုများ စည်းလုံးမှုအားနည်းလာပြီး နယ်မြေခွဲခြားမှုများရှိလာပြီဟု ဗိုလ်မိုက်ခဲပြော
RNA_ဩဂုတ်(၂၇)၊၂၀၂၃ ခုနှစ်။ဘုံရန်သူကို မနိုင်သေးခင် စည်းလုံးမှုပျက်လို့မဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို ခုခံစစ်စတင်စဉ် တူမီးကာလပျော်စရာကောင်းခဲ့ပေမဲ့ ယခုအချိန်တွင် စည်းလုံးမှုပိုင်းဆိုင်ရာ အားနည်းလာပြီး သူ့နယ်မြေ ငါ့နယ်မြေ ခွဲခြားလာမှုများ ရှိနေသည့်အတွက် ပူးပေါင်းပြီးလုပ်ဆောင်ကြရန် Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=hNdKpJA3Y5Q[/embedyt]မြင်းခြံမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်အနေဖြင့် ပွင့်လင်းရာသီရောက်လာပါက အင်အားသုံးဖြိုခွင်းမည့် သတင်းများထွက်ပေါ်နေသည့်အတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ကြရန်အတွက် မဟာမိတ်အင်အားစုဖွဲ့စည်းရန် လုပ်ဆောင်နေသည်ဟု စသဖြင့် ဒေသတွင်း အခြေအနေများကို ပြောကြားထားသည်။#RedNewsAgency -

မြို့သိမ်းတိုက်ပွဲတွေအတွက် ဘာတွေလိုအပ်နေသလဲ
မကွေးတိုင်းမှာ မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေ လုပ်နိုင်ပေမဲ့ ဘာတွေလုပ်ဖို့လိုအပ်နေသလဲ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဘာတွေလုပ်ပေးဖို့လိုအပ်နေသလဲဆိုတဲ့ အခြေအနေတွေကို Red News Agency သတင်းဌာနက ရေစကြို PDF က တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇကို ဆက်သွယ်မေးမြန်းထားသည်။
[embedyt] https://www.youtube.com/watch?v=Gb8ZrpoHSX8[/embedyt]
Red News Agency
-

မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်
RNA_ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းအား မြိုင် PDF၊ ရေစကြို PDF၊ ဆားလင်းကြီး PDF၊ ရွှေဓားဗိုလ်တပ်ဖွဲ့တို့ ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ့ ( ၂) နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းအား ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ( ၃) မြို့နယ် ပူးပေါင်း၍( ၁) နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီီး G-3 ( ၅ ) လက် နှင့် ကျည် (၄၀၀) ၊ အူစီ (၃ ) လက်နှင့် ကျည် ( ၂၀၀)၊ ခြောက်လုံးပျူး ( ၁) လက်၊ ဗုံးသီး ( ၇) လုံး၊ လက်တော့ ( ၂ )လုံးပရင့်တာ ( ၁ )လုံး၊ ဆိုင်ကယ် ( ၄ )စီး နှင့် တခြားစစ်ဘက်အသုံးဆောင်များ သိမ်းဆည်းရခဲ့မိသည်ဟု ရေစကြို PDF ကထုတ်ပြန်ထားသည်။




