ရေစကြို

ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် Myingyan Black Tiger (MBT) အမှတ် (၂) စခန်းမှ ရဲဘော်တဦးဒဏ်ရာရရှိကာ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရပြီးနောက် နေ့တွင်းချင်း ပြန်လည်ကယ်ထုတ်နိုင်ရေးအတွက် MBT တပ်ဖွဲ့ရဲဘော်များအင်အားအများအပြားဖြင့် မြို့တွင်းဝင်ကာ စစ်ကောင်စီတပ်စခန်းချထားသည့် ရုံးပေါင်းစုံတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အင်အားအများအပြားဖြင့် MBT ရဲဘော်များ မြို့ပေါ်တက်လာသည့်အတွက် စစ်ကောင်စီတပ်မှ ဒဏ်ရာရ ရဲဘော်ဆေးကုနေသည့်ဆေးရုံတွင် အင်အားပြည့်တင်းထားသည့်အတွက် ရုံးပေါင်းစုံစခန်းကိုသာ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရဲဘော်အား မကယ်နိုင်သော်လည်း စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများရှိကြောင်း MBTက ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
“သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“

“သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“

“ကျွန်တော်တို့ မိုက်ရူးရဲဆန်တယ် စွန့်စားတယ်၊ ကျွန်တော်တို့ သေရဲတယ်”   RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းနှင့်တိုက်ပွဲဖြစ်ပြီး ဌာနချုပ်စခန်းစွန့်ခွါခဲ့ရသလို၊ မြင်းခြံဌာနချုပ်စခန်းများလည်း စွန့်ခွါခဲ့ရပြီး ယနေ့အချိန်ထိ ရပ်တည်ကာ နယ်မြေသစ်ရှာဖွေကာ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်မှုအားကောင်းနေပြီး မဟာမိတ်များနှင့်အတူတကွ ပူးပေါင်းတိုက်ပွဲဖော်ဆောင်မှုများပါရှိနေသည့် Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက “သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“ ဟု ပြောကြားထားပါသည်။   #RedNewsAgency
Read More
ငြိမ်းဇာနည်တပ်စခန်း တိုက်ပွဲတွင် Myingyan Black Tiger (MBT) မှ ရဲဘော်စောလေးကျဆုံး

ငြိမ်းဇာနည်တပ်စခန်း တိုက်ပွဲတွင် Myingyan Black Tiger (MBT) မှ ရဲဘော်စောလေးကျဆုံး

RNA_ဧပြီ(၂၁)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်တွင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသော ငြိမ်းဇာနည်တပ်စခန်းအား မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဉ် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ရဲဘော်စောလေး ကျဆုံးခဲ့ရကြောင်း သိရသည်။   ငြိမ်းဇာနည်တပ်စခန်းအား ဧပြီလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က Myingyan Black Tiger (MBT)တပ်ဖွဲနှင့် ညီနောင်မဟာမိတ်များမှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စခန်းသိမ်းနိုင်မည့် အခြေအနေရောက်ရှိခဲ့သော်လည်း ရဲဘော်တဦးကျဆုံးပြီး ခဲယမ်း အင်အား မလုံလောက်သည့်အတွက် ပြန်လည်ဆုတ်ခွါခဲ့ကြောင်း MBT က ထုတ်ပြန်ထားသည်။ (more…)
Read More
မြို့သိမ်းတိုက်ပွဲတွေအတွက် ဘာတွေလိုအပ်နေသလဲ

မြို့သိမ်းတိုက်ပွဲတွေအတွက် ဘာတွေလိုအပ်နေသလဲ

မကွေးတိုင်းမှာ မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေ လုပ်နိုင်ပေမဲ့ ဘာတွေလုပ်ဖို့လိုအပ်နေသလဲ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဘာတွေလုပ်ပေးဖို့လိုအပ်နေသလဲဆိုတဲ့ အခြေအနေတွေကို Red News Agency သတင်းဌာနက ရေစကြို PDF က တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇကို ဆက်သွယ်မေးမြန်းထားသည်။ Red News Agency
Read More
မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

RNA_ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းအား မြိုင် PDF၊ ရေစကြို PDF၊ ဆားလင်းကြီး PDF၊ ရွှေဓားဗိုလ်တပ်ဖွဲ့တို့ ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ညနေ့ ( ၂) နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းအား ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ( ၃) မြို့နယ် ပူးပေါင်း၍( ၁) နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီီး G-3 ( ၅ ) လက် နှင့် ကျည် (၄၀၀) ၊ အူစီ (၃…
Read More