RNA_ဇူလိုင်(၁၁)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီစခန်းချနေထိုင်သော စီမံကိန်းရုံးကို PDF တပ်ဖွဲ့များက ဇူလိုင် ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်မှုအောင်မြင်ခဲ့ပြီး စစ်သုံ့ပန်း (၁၂) ဦးဖမ်းဆီးရမိသည်ဟု တမာမြေပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်စွဲထားသော စီမံကိန်းရုံးကို ဇူလိုင် ၉ ရက်နေ့က ဒေသခံတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး တစ်နေ့ကုန်နီးပါး (နံနက် ၄ နာရီကျော်မှ ည ၇ နာရီ) တိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများကို သိမ်းပိုက်ရရှိထားကြောင်း၊ စစ်ကောင်စီတပ်သားများလည်းသေဆုံးမှုရှိသည့်ပြင် တော်လှန်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်စခန်းကို မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+)၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ တပ်ပေါင်းစု (Good Brother)၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA၊ Scorpion People Denfece Force၊ မုံရွာခရိုင် တပ်ရင်း ၈ ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု မြိုင် ပကဖ ထံမှ သိရသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA