RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF)မှ ပြည်သူ့ရဲဘော်များ ပူးပေါင်းပါဝင်ဝန်းရံပေးမှုဖြင့် မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဗိုလ်ချုပ်အောင်ဆန်း ၏ (၁၀၇)နှစ်ပြည့်မွေးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

“အောင်ဆန်းသွေးဟေ့ရဲရဲနီတယ် နောက်မတွန့်ဘူးအဆုံးထိတိုက်မယ်” ဟု ဘန်နာများကိုင်ဆောင်ပြီး ကြွေးကြော် သံများ၊ ကာကွယ်ရေးခေါင်းဆောင်များနှင့် သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခဲ့ကြကြောင်း သိရသည်။
Photo: BEGSC-MYAING
Red News Agency