Red News Agency

Independent Journalism for Justice and Human Rights.

အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်ခေါင်းဆောင်၏ ပုံကို ခြေဖြင့်နင်းပြီး ဆန္ဒပြ

Written by

in

RNA_ဖားကန့် ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ဖားကန့်မှော်လှည့်သပိတ် ပြည်သူများက မှော်ကျေးရွာ အချို့တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေဖြင့်နင်းကာ “လူထုအားဖြင့် အာဏာရှင်စနစ် အဆုံးသတ်ရမည်” ၊ “အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ” စသည့် စာသားများ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကျဆုံးရေး ယနေ့နံနက်ပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြသည်။
 
ယနေ့ နံနက် ဆန္ဒပြပွဲတွင် ကျဆုံးခဲ့လေသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးသမိုင်းတစ်လျောက် ကျဆုံးခဲ့ရသော အာဇာနည်များအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဖားကန့်မြို့နယ်သည် တော်လှန်ရေး အားကောင်းသည့်မြို့နယ်တစ်ခုဖြစ်ပြီး နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက ယခုအချိန်အထိ အာဏာရှင်ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ တိတ်ဆိတ်သွားခြင်းမရှိပဲ သက်ဝင်လှုပ်ရှားလျက်ရှိနေပြီး မြို့နယ်၏ ဝင်ထွက်ပေါက်ဖြစ်သည့် အဓိကကျသော လမ်းကြောတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း KIA/KPDF များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည်။
 
#RedNewsAgency