ပုလဲမြို့နယ်

PDF တွေကို မတိုက်ရဲသည့်အတွက် ပျူစောထီးတွေကို စစ်ကောင်စီတပ်ပစ်သတ်

PDF တွေကို မတိုက်ရဲသည့်အတွက် ပျူစောထီးတွေကို စစ်ကောင်စီတပ်ပစ်သတ်

RNA_ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်းက PDF များဝိုင်းတိုက်ခံရစဉ် ပျူစောထီးတွေ ပြန်မတိုက်ရဲသည့်အတွက် စစ်ကောင်စီတပ်က ပစ်သတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ " မနေ့ညနေက စဖြစ်တာ တိုက်ပွဲက စခတွေက ပျူစောထီးတွေကို တိုက်ခိုင်းတာ မတိုက်ရဲကြဘူး အဲဒါနဲ့ ရွာထဲမှာပစ်သတ်တယ်လို့ ကြားထားတယ်၊ သတင်းက တိကျတယ် ဘယ်နှစ်ယောက်သေတယ်တော့ မပြောရသေဘူး၊ ရွာသူရွာသားတွေက ထွက်ပြေးနေကြတာ၊ ပြီးတော့ ရွာသုံးပုံ နှစ်ပုံကို မီးရှို့ပစ်တယ်၊ PDF တွေအသားစီးရလို့ ရဟတ်ယာဉ်နဲ့ပါပစ်တယ်၊ အခုမနက်လည်း ရဟတ်ယာဉ်ဝဲနေတာပဲ ရွာနားမှာ၊ အင်မထီးမှာက သူတို့အထိုင်ချနေတာ ပျူတွေကိုသင်တန်းပေးတာပေါ့၊…
Read More
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်က မုဒိမ်းကျင့်မှုရှိဟု သတင်းထွက်

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်က မုဒိမ်းကျင့်မှုရှိဟု သတင်းထွက်

RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ နအဖ လက်ထက် သမဝါယမ ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့တွင် ဝန်ကြီးလုပ်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာဖြစ်သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာအုပ်စု၊ နွယ်အင်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်သားတချို့က မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း အနီးအနားကျေးရွာများအထိ သတင်းပြန့်နေသည်။ ဗိုလ်နဂါးကို ဖမ်းဆီးရန်ဟုဆိုကာ ဦးနှောက်ကျေးရွာမှာ အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများသည် နွယ်အင်းကျေးရွာကို လွန်ခဲ့သည့် တပတ်က ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့အထိုင်ချခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ရဟတ်ယာဉ်နှင့် ပြန်ထွက်ပြသော်လည်း ရဟတ်ယာဉ်ဖြင့် တပ်သားများပြန်ချသွားပြီး၊ ကျေးရွာအတွင်း စုဆောင်းရမိသည့် ပျူစောထီး (၂၀) ဝန်းကျင်ကို စစ်သင် တန်းပေးရန်ပြင်ဆင်နေကြောင်း ဒေသခံထံမှ…
Read More
စစ်ကောင်စီတပ် ဦးနှောက်ရွာ ဝင်စီးသလို ပုထိုးသာရွာကို ဝင်စီး

စစ်ကောင်စီတပ် ဦးနှောက်ရွာ ဝင်စီးသလို ပုထိုးသာရွာကို ဝင်စီး

RNA_ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုထိုးသာ ကျေးရွာကို ယနေ့ နေ့လည်ပိုင်းက ဦးနှောက်ရွာ ဝင်စီးသလို လေယာဉ်သုံးပစ် စစ်ကောင်စီတပ်သားတွေ ရွာထဲ တပ်စွဲထားသည်ဟု သိရသည်။ " ဦးနှောက်ရွာ လုပ်သလိုပဲ၊ ရွာထဲကို လေယာဉ်နဲ့ ပစ် ခစတွေချ ပြီးရင်ရွာထဲမှာ တပ်စွဲ ရွာသူရွာသားတွေကို။သတ်ဖြတ် နှိပ်စက်တော့မှာ၊ ဘာလိုရွာမှာ တပ်စွဲလဲ မသိရသေးဘူး စာသင်ကျောင်စထဲမှာလို့ပြောတယ်၊ ဒေသခံတွေလဲ ပြေးရတယ်၊ ပိတ်ပိတဲ့သူကတော့ သေသလိုပဲ၊ ဦးနှောက်ရွာမှာ အတော်ခံနေကြရတယ်၊ ဘယ်လောက်သေလဲဆိုတာက သူတို့ရွာက ထွက်မှ ပျောက်တဲ့သူနဲ့ အလောင်းနဲ့ တွေ့တာကို စစ်ကြည့်ရတာ" ဟု ပုလဲမြို့နယ် ဒေသခံ တဦးက…
Read More
ပုလဲမြို့တွင် အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်

ပုလဲမြို့တွင် အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်

ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၂၂ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက်ပိုင်းက အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲကို ပြည်သူလူထု တစ်သိန်းကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်ပွဲတွင် သံဃာတော်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ‌ပုလဲမြို့နယ် ကျောင်းသားများ သမဂ္ဂမှ ပြည်သူများနှင့်အတူ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည့်အပြင် ပုလဲမြို့နယ် စုပေါင်းရုံးရှေ့တွင်လည်း ထိုင်သပိတ်ပြုလုပ်၍ အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် ပုလဲမြို့နယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှလည်း မြို့နယ် စုပေါင်းရုံးရှေ့တွင် အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကျန်ရှိနေသည့် ပြည်သူ့ဝန်ထမ်းများမှ CDM ပါဝန်ပေးရန် တောင်းဆိုခဲ့ကြသည်။ Red News Agency
Read More
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၄ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မုံရွာမြို့တွင်သာမက ကျေးလက်တောရွာများပါ စစ်အာဏာရှင်စနစ် ကန့်ကွက်ဆန့်ကျင်ရေးကို “ကမ္ဘာမကြေဘူး” သီချင်းဖြင့် သံပုံးတီးကမ်ပိန်းကို ဖေဖော်ဝါရီလ ၄ ရက် ည ၈ နာရီက ပြုလုပ်ခဲ့သည်။ “ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးတွေကတော့ အရင်ညတွေကတည်းက သံပုံးတီးကမ်း လုပ်နေကြတယ်၊ ပုလဲမြို့ပေါ်လည်း မနေ့ညက လုပ်တယ်လို့ သိရတယ်၊ ကျွန်တော်တို့ တောရွာတွေကတော့ ဒီနေ့ည စလုပ်တယ်၊ ညတိုင်း ၈ နာရီထိုးတာနဲ့ ဆက်လုပ်သွားမယ်” ဟု ပုလဲမြို့နယ်မှ ကိုမြဝင်းကပြောသည်။ Red News Agency
Read More
ကပ်ကြီးသုံးပါး ၊ စားဝတ်နေရေး အကြွေးပင်လယ်

ကပ်ကြီးသုံးပါး ၊ စားဝတ်နေရေး အကြွေးပင်လယ်

“နောက်ထပ် မိုးလိုက်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်ပိုင်းသီးနှံ အရန်သင့် စိုက်လို့ရအောင် စပါးခင်းတွေ ဖျက်နေရတာပါ၊ မိုးစပါး ၁၀ ဧက စိုက်တာ၊ ၆ ဧက ဖျက်လိုက်ရပြီ” ကိုကိုလွင် စက်သံ တဝုန်းဝုန်း ဖုန်တလုံးလုံးနှင့် မိုးစပါးစိုက်ကွက်များအတွင်း လေးဘီးထွန်စက်ကြီးများနှင့် မောင်းနှင်နေကြသည်။ စပါးခင်းဟုဆိုသော်လည်း မည်ကာမတ္တမျှသာရှိသည်။တချို့အခင်းများက ကျိုးတိုကျဲတဲ၊ ပိုးတိုပါးတား၊ တချို့အခင်းများကတော့ ထူထူထဲထဲ၊ အရပ်တွေက ဒူး ပေါင်လယ်လောက် မြင့်သည်။ သို့သော် စပါးပင်များကတော့ ညှိုးခွေ ခြောက်သွေ့လျက်ရှိသည်။ မီးပွားကျလျှင် လောင်ကျွမ်းမတက်ပင် ဖြစ်သည်။ နှစ်စဉ်ပုံမှန်အားဖြင့် ယခုအချိန်သည် စပါးပင်များမှာ စိမ်းညို့ညို့ဖြင့် အဆစ်တက်ပြီး အဖုံးဝင်ချိန်ဖြစ်သည်။ သို့သော် ယခုနှစ်တွင်တော့ လေးဘီးထွန်စက်ကြီးများ ခုတ်မောင်းသွားသည့် နောက်ဘက်၌…
Read More
“ဒါလား ပြည်သူ့ရဲ” လို့ ရဲတွေလုပ်ရပ်အပေါ် ဒေသခံတွေ မေးခွန်းထုတ်

“ဒါလား ပြည်သူ့ရဲ” လို့ ရဲတွေလုပ်ရပ်အပေါ် ဒေသခံတွေ မေးခွန်းထုတ်

ကိုကိုလွင် ပုလဲ၊ ဇူလိုင် ၈ ရက်။ ”ပြည်သူ့ရဲ ပြည်သူရဲနဲ့ ဒါလား ပြည်သူ့ရဲ။ ပြည်သူတွေကို နှိပ်စက်နေတာ ဒါ ပြည်သူ့ရဲ လားဟ ” ဟု ဒေသခံပြည်သူတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက စစ်ဆေးရေးဂိတ်‌မြေနေရာသတ်မှတ်ရာမှ ရော်ဘာကျည်ဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံ ၃ ဦးထိမှန်ခဲ့ပြီး၊ ၅ ဦးကို ဖမ်းဆီးခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း ၊ ဒေသခံတဦး ရိုက်ကူးထားသည့် ရုပ်သံများကို Red News Agency က ရရှိခဲ့သည်။ ၁၉၈၂ ခုနှစ် ဧပြီလ ၄…
Read More
အညတရမှသည် တက္ကသိုလ်ဆီသို့

အညတရမှသည် တက္ကသိုလ်ဆီသို့

“ငယ်ငယ်ကတည်းက ရက်ရက်စက်စက် ဆင်းရဲခဲ့တယ်၊ အိမ်ကို ဝါးခြမ်းနဲ့ကာထားရတယ်၊ ဆောင်းတွင်း လေတိုက်ရင် ချမ်းလွန်းလို့ စောင် လေးကာပြီး အိပ်ရတယ်၊ ဆိုင်းထမ်းတံပိုးကျိုးအောင် ထမ်း‌ပြီးလုပ်ကိုင်စားသောက်ခဲ့ရတယ်” ကိုကိုလွင် “ထီးပြင်တယ်၊ ဖိနပ်ပြင်တယ်၊ ဖိနပ်သည်းကြိုးတွေ လဲတယ်၊ လက်နှိပ်ဓါတ်မီးတွေလည်း ပြင်တယ်…..” ထိုအသံကို ကျွန်တော်ငယ်ငယ်ကတည်းက ကြားဖူးနေကြ အသံ။ အသံက အောင်မြင်သည်။ ဩဇာဓါတ်ပါသည်။ ထို့ကြောင့်လည်း ယခုအချိန်ထိ သူအော်ကျစာသားကို အလွတ်ရနေခြင်းပင် ဖြစ်သည်။ သူ့ပုံကိုကြည့်ရင်တော့ မဲမဲသဲသဲ၊ ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်။ မျက်နှာမှာလည်း အရေးအကြောင်းတွေနဲ့။ သစ်သားသေတ္တာနှစ်လုံးကို ဆိုင်းထမ်းတံပိုးဖြင့် ထမ်းကာ နှစ် ၄၀ ကျော် ၅၀ နီးပါး တစ်ရွာဝင် တစ်ရွာထွက် ရွာစဉ်လှည့်လည်ပြီး သားသမီး…
Read More
အသက်တစ်ရာကျော် တောင်ယာလုပ်သားကြီးရဲ့ ဘဝသံသရာ

အသက်တစ်ရာကျော် တောင်ယာလုပ်သားကြီးရဲ့ ဘဝသံသရာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကျွဲကျ(အထက်)ကျေးရွာတွင် နေထိုင်ပြီး တောင်ယာလုပ်ကိုင်နေသည့် အသက်တစ်ရာကျော် လယ်သမားကြီးတစ်ယောက်ရဲ့ ဘဝသံသရာ။ ရိုက်ကူး - ကိုကိုလွင် Red News Agency
Read More