09
Oct
RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ မြန်မာ့ပဋိပက္ခအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ပါက ဖြေရှင်းရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tommy Pigott ၏ ပြောကြားမှုကို ရိုက်တာသတင်းဌာနက အောက်တိုဘာ (၈) ရက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးကိစ္စများအပါအဝင် အမေရိကန်နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အွန်လိုင်ငွေးကြေးလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားထားသည်။ အမေရိကန်နိုင်ံခြားရေးဝန်ကြီးဌာနမှ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့် (Michael Vance) အပါအဝင် ထိပ်တန်းတာဝန်ရှိသူအချို့ မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများရှိနေကြောင်း…