RNA_နိုဝင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။
ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဘန့်ဘွေးကုန်းရွာ၌ စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင် ပျူစောထီးတို့ အစည်းအဝေးလုပ်နေချိန် ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် (၅) ဦး သေဆုံးပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဧရာညီနောင်စစ်ကြောင်းက ယနေ့ (နိုဝင်ဘာ ၂၃ ရက်) ထုတ်ပြန်ထားသည်။
နိုဝင်ဘာ (၂၀) ရက် နေ့လည် (၁) နာရီခွဲဝန်းကျင်က ရှားစေးဖိုရွာနှင့် လယ်မအင်းရွာမှ ထွက်လာသည့် ပျူစောထီးနှင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ဘန့်ဘွေးကုန်းရွာ၌ အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်အုပ်စုတပ်ဖွဲ့ဝင်များ အစည်းအဝေးလုပ်ဆောင်နေသည့်နေရာသို့ ပဲခူးအခြေစိုက် တပ်ပေါင်းစုဖြစ်သည့် အမှတ် (၃၈၀၁) တပ်ရင်း တိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ (၄)၊ ဗမာ့တော်လှန်ရေးတပ် (BRA) တပ်ခွဲ (၂)၊ Phoenix DF တပ်ဖွဲ့နှင့် တပ်ခွဲ (၆) ဧရာညီနောင်စစ်ကြောင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယင်းထိတွေ့တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ (၅) ဦး သေဆုံးပြိး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင် (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်အုပ်စုနှင့် ပျူစောထီးတပ်ဖွဲ့တို့၏ လက်နက်သာလွန်အင်အားကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဧရာညီနောင် စစ်ကြောင်းက ဆိုသည်။
နှစ်ဖက်ထိတွေ့တိုကပ်ွဲ ဖြစ်ပွားပြီးနောက်ပိုင်း ဘန့်ဘွေးကုန်းရွာနှင့် အနီးဝန်းကျင်၌ စစ်ရေးတင်းမာမှုရှိနေသည့်အတွက် ဒေသခံပြည်သူများနေဖြင့် ခရီးသွားလာမှုကို အထူးသတိပြုသွားလာကြရန်လည်း အသိပေးထားသည်။