Tag: စစ်ကိုင်းတိုင်း

  • စစ်ကောင်စီ စစ်ကြောင်း ဧရိယာအနီး ရောက်ရှိနေသော်လည်း အရှိန်အဟုန်နှင့် လမ်းပေါ်ထွက်ဆန္ဒပြ

    စစ်ကောင်စီ စစ်ကြောင်း ဧရိယာအနီး ရောက်ရှိနေသော်လည်း အရှိန်အဟုန်နှင့် လမ်းပေါ်ထွက်ဆန္ဒပြ

    RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ဧရိယာအတွင်း ရောက်ရှိနေသော်လည်း လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းက ရရာနည်းဖြင့် အရှိန်အဟုန်မပျက် ယနေ့ ညနေပိုင်းမှာ စစ်အာဏာရှင် အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။

    Photo: CJ – ပေးပို့။

    Red News Agency

  • ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

    ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

    RNA_ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ရွာတွင် စစ်ကောင်စီတပ် (၃) ရက် တပ်စွဲပြီး ပြည်သူ (၄) ဦးကို ရက်ရက်စက်စက်သတ်ပြီး နေအိမ်များမီးရှို့သွားကြောင်း သိရသည်။

    နေအိမ်များကို မီးရှို့ထားသည့် မြင်ကွင်း

    ရေမျက်ရွာအတွင်း စစ်ကောင်စီတပ် (၃) ရက်ကြာ တပ်စွဲအပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ထွက်ခွါသွားရာတွင် အိမ်ထဲတွင် မီးရှို့အသတ်ခံထားရသူ (၁) ဦး၊ ဓားစာခံအဖြစ်ဖမ်းဆီးခံရပြီး ဦးခေါင်းတေ့ပစ်ရသူ (၁) ဦး၊ သေနတ်ဒဏ်ရာရရှိသည့် နေရာတွင် သေဆုံးနေသူ အမျိုးသမီး (၁) ဦးအပါအဝင် အသတ်ခံထားရသူ အနည်းဆုံး (၃) ဦးအထပ်ရှိကြောင်း၊ ရွာတွင်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုနှင့် တိရိစ္ဆာန်များ စားစရာမရှိသည့် အနေအထားနှင့်ကြုံတွေ့ခဲ့ရပြီး၊ နေအိမ်၊ ကား၊ ဆိုင်ကယ် စသည်တို့ကို မီးရှို့သွားကြောင်း သိရသည်။

    နေအိမ်အတွင်း မီးရှို့အသတ်ခံထားရသူ

    စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရေမျက်ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများ ရှောင်တိမ်းခဲ့ကြရပြီး PDF များဆုတ်ပေးချိန် ကျေးရွာအတွင်း တပ်စွဲကာ ပြည်သူများကို သတ်၊ နေအိမ်နှင့် အဖိုးတန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

    သေနတ်ဒဏ်ရာကို လက်ဖြင့်အုပ်ထားပြီး နေရာတွင် သေဆုံးနေသည့် အမျိုးသမီး
    ကားများကို မီးရှို့ထားသည့်မြင်ကွင်း

    ဓာတ်ပုံ : ဒေသခံ

    Red News Agency

  • နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    တိုက်ပွဲပြင်းထန်သည့် နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

    RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် (၁၀) ဝန်းကျင်က နတ်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာပြီး လေကြောင်းအသုံးတိုက်ခိုက်ခဲ့ပြီး နတ်ချောင်းကျေးရွာနေအိမ်တချို့ကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် မီးရှို့ခဲ့ကြောင်း သိရသည်။

    Photo: CJ

    Red News Agency

  • “ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံး သတ်လွတ်မြောက်ရေးသို့ချီတက်ကြ”

    “ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံး သတ်လွတ်မြောက်ရေးသို့ချီတက်ကြ”

    “ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံး သတ်လွတ်မြောက်ရေးသို့ချီတက်ကြ”

    RNA_ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက “ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံးသတ်လွတ်မြောက်ရေးသို့ချီတက်ကြ” စာသားကိုကိုင်ဆောင်ပြီး ယနေ့ ညနေပိုင်းမှာလည်း မုံရွာသပိတ်ဦးဆောင်ကော်မတီနှင့် မုံရွာကျောင်းသားများသမဂ္ဂမှ လာရောက်ပူးပေါင်းကာ ကျေးရွာအတွင်း လှည့်လည်ပြီး ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

    Photo: CJ – ပေးပို့။

    Red News Agency

  • “စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့” 

    “စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့” 

    RNA_ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာသူ၊ ကျေးရွာသားများက “စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့” စာတန်းကိုင်စွဲပြီး မုံရွာပင်မသပိတ်စစ်ကြောင်းနှင့်မုံရွာတက္ကသိုလ်ကျောင်သားများသမဂ္ဂတို့နှင့် ပူးပေါင်းပြီး ကျေးရွာအတွင်း လှည်လည်ကာ ယနေ့ဆန္ဒပြခဲ့ကြသည်။

    “စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုတွေကို ဒီနေ့အထိ ပြည်သူလူထုဟာ ခါးစည်းခံနေရဆဲဖြစ်တယ်၊ အရင်တလောက ဆားလင်းကြီးမြို့နယ်၊ ဒုန်းတော ကျေးရွာကို စစ်ကောင်စီတပ်တွေ အကြမ်းဖက်ဝင်ရောက်စီးနင်း သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်၊ အဲဒီစစ်ဘေးဒဏ်ကို ပြည်သူတွေဟာလည်း အလူးအလဲ ခဲ့စားခဲ့ရတယ်၊ဒီဒုက္ခတွေကို ကျနော်တော်တို့ပြည်သူလူထုကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင် ကြုံတွေ့ခဲ့ရတယ်။ ဒီလိုအကြမ်းဖက်မှုတွေ ဒုက္ခတွေကြုံတွေ့လာရလို့ ပြည်သူလူထုဟာ စစ်ကောင်စီကို လုံးဝကြောက်ရွံ့မသွားဘူး၊ တော်လှန်ရေးမှာ လုံးဝသွေးအေး မသွားဘူး” ဟု သပိတ်စစ်ကြောင်းမှာပါဝင်သည့် မုံရွာပင်မသပိတ်စစ်ကြောင်း အဖွဲ့ဝင်တဦးက ပြောသည်။

    ပြည်သူတွေအနေဖြင့် သံမဏိစိတ်ဓာတ်ကိုလက်ကိုင် ထား မလျော့သောဇွဲသတ္တိ မလျော့သော လုံ့လဝရိယနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်တွေကို ရင်ဆိုင်အံ့တု PDF တွေနှင့်အတူ တော်လှန်ရေးတိုက်ပွဲကို အရှိန်အဟုန်ပြင်းပြင်း မြှင့်တင်ပြီး တော်လှန်ရေး၏ အခန်းကဏ္ဍတွေမှာ ဒီထက်ပိုပြီးပူးပေါင်းပါဝင်ကြပါလို့ အလေးအနက်ထား တိုက်တွန်းကြောင်း ၎င်းက ပြောသည်။

    လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက ပြည်သူများသည် နေ့စဉ်ရက်ဆက် အာဏာသိမ်း စစ်ကောင်စီကိုတန့်ကျင်ကြောင်း လမ်းပေါ်ထွက်ဆန္ဒပြနေကြပြီး၊ စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသည့် အင်အားကောင်းသည့် ဒေသဖြစ်သည်။

    Photo: CJ – ပေးပို့ ။

    Red News Agency

  • ညနေနှင့်ညပိုင်း စစ်အာဏာရှင်တော်လှန်နေသည့် ကျေးရွာသားများ

    ညနေနှင့်ညပိုင်း စစ်အာဏာရှင်တော်လှန်နေသည့် ကျေးရွာသားများ

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ကျေးရွာနေပြည်သူများက နံနက်ပိုင်း ဝမ်းစာရှာပြီး ညနေပိုင်းနှင့်ညပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာအတွင်းချီတက်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

    Red News Agency

  • ကလေးမြို့‌တောင်ဘတ် တိုက်ပွဲမှာ ကျသွားသည့် ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပန

    ကလေးမြို့‌တောင်ဘတ် တိုက်ပွဲမှာ ကျသွားသည့် ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပန

    RNA- နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကလေးမြို့ တောင်ဘတ် မိုင် ၂၀ ဝန်းကျင်အကွာက နတ်ချောင်း နတ်မြောင်း၊ သာစည်၊ချောင်းခွ စသည့်ရွာအနီးတဝိုက်တွင် နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်သွားရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကလေးတပ်ရင်း(၇)၊ တပ်ခွဲ ( ၁ ) က ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် (အသက်၂၇နှစ်) ကျဆုံးသွားခဲ့သည်။ ပြည်သူ‌တွေအတွက် တိုက်ပွဲမှာ အသက်ပေးခဲ့သည့် သူရဲကောင်း ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပနကို ရဲဘော်ရဲဘက်များ၊ ပြည်သူများက ယနေ့မှာ ပြုလုပ်ခဲ့သည်။[embedyt] https://www.youtube.com/watch?v=dXSOEgeMBW0[/embedyt]Red News Agency

  • ပုလဲမြို့တွင် အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်

    ပုလဲမြို့တွင် အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်

    ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၂၂ ရက်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက်ပိုင်းက အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တိုက်ပွဲကို ပြည်သူလူထု တစ်သိန်းကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

    ဆန္ဒထုတ်ဖော်ပွဲတွင် သံဃာတော်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ‌ပုလဲမြို့နယ် ကျောင်းသားများ သမဂ္ဂမှ ပြည်သူများနှင့်အတူ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည့်အပြင် ပုလဲမြို့နယ် စုပေါင်းရုံးရှေ့တွင်လည်း ထိုင်သပိတ်ပြုလုပ်၍ အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

    ယင်းအပြင် ပုလဲမြို့နယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှလည်း မြို့နယ် စုပေါင်းရုံးရှေ့တွင် အာဏာရှင်စနစ်ကျဆုံးရေးအတွက် ကျန်ရှိနေသည့် ပြည်သူ့ဝန်ထမ်းများမှ CDM ပါဝန်ပေးရန် တောင်းဆိုခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=OR6-a6_Zk6o[/embedyt] Red News Agency

  • စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

    စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

    ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၄ ရက်။

    စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မုံရွာမြို့တွင်သာမက ကျေးလက်တောရွာများပါ စစ်အာဏာရှင်စနစ် ကန့်ကွက်ဆန့်ကျင်ရေးကို “ကမ္ဘာမကြေဘူး” သီချင်းဖြင့် သံပုံးတီးကမ်ပိန်းကို ဖေဖော်ဝါရီလ ၄ ရက် ည ၈ နာရီက ပြုလုပ်ခဲ့သည်။

    “ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးတွေကတော့ အရင်ညတွေကတည်းက သံပုံးတီးကမ်း လုပ်နေကြတယ်၊ ပုလဲမြို့ပေါ်လည်း မနေ့ညက လုပ်တယ်လို့ သိရတယ်၊ ကျွန်တော်တို့ တောရွာတွေကတော့ ဒီနေ့ည စလုပ်တယ်၊ ညတိုင်း ၈ နာရီထိုးတာနဲ့ ဆက်လုပ်သွားမယ်” ဟု ပုလဲမြို့နယ်မှ ကိုမြဝင်းကပြောသည်။[embedyt] https://www.youtube.com/watch?v=B2cFZQafpGU[/embedyt]

    Red News Agency

  • ကပ်ကြီးသုံးပါး ၊ စားဝတ်နေရေး အကြွေးပင်လယ်

    ကပ်ကြီးသုံးပါး ၊ စားဝတ်နေရေး အကြွေးပင်လယ်

    “နောက်ထပ် မိုးလိုက်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်ပိုင်းသီးနှံ အရန်သင့် စိုက်လို့ရအောင် စပါးခင်းတွေ ဖျက်နေရတာပါ၊ မိုးစပါး ၁၀ ဧက စိုက်တာ၊ ၆ ဧက ဖျက်လိုက်ရပြီ”

    ကိုကိုလွင်

    စက်သံ တဝုန်းဝုန်း ဖုန်တလုံးလုံးနှင့် မိုးစပါးစိုက်ကွက်များအတွင်း လေးဘီးထွန်စက်ကြီးများနှင့် မောင်းနှင်နေကြသည်။ စပါးခင်းဟုဆိုသော်လည်း မည်ကာမတ္တမျှသာရှိသည်။တချို့အခင်းများက ကျိုးတိုကျဲတဲ၊ ပိုးတိုပါးတား၊ တချို့အခင်းများကတော့ ထူထူထဲထဲ၊ အရပ်တွေက ဒူး ပေါင်လယ်လောက် မြင့်သည်။ သို့သော် စပါးပင်များကတော့ ညှိုးခွေ ခြောက်သွေ့လျက်ရှိသည်။ မီးပွားကျလျှင် လောင်ကျွမ်းမတက်ပင် ဖြစ်သည်။

    နှစ်စဉ်ပုံမှန်အားဖြင့် ယခုအချိန်သည် စပါးပင်များမှာ စိမ်းညို့ညို့ဖြင့် အဆစ်တက်ပြီး အဖုံးဝင်ချိန်ဖြစ်သည်။ သို့သော် ယခုနှစ်တွင်တော့ လေးဘီးထွန်စက်ကြီးများ ခုတ်မောင်းသွားသည့် နောက်ဘက်၌ ဖုန်တထောင်းထောင်းနှင့်အတူ ထယ်ရေးခဲများအကြားတွင် ညှိုးခွေ ခြောက်သွေ့ နွမ်းလျနေသော စပါးပင်များမှာ အတုံးအရုံး လဲကျကျန်ရစ်နေသည်။

    ထိုမြင်ကွင်းကို လယ်ကန်သင်းပေါ်မှ တွေတွေကြီး ရပ်ကြည့်နေ့သည့် လယ်သမားကြီး ဦးတင်ပိုတစ်ယောက် တစ်ကိုယ်တည်း ညည်းတွားရေရွတ်နေတော့သည်။

    “ဒီနှစ်တော့ ဒို့တောင်သူတွေ မွဲပါပြီကွာ”

    ယခုနှစ်တွင် မိုးရွာသွန်းမှု အလွန်နည်းပါးခဲ့သဖြင့် မိုးစပါးစိုက်တောင်သူများ အခက်တွေ့နေရခြင်းဖြစ်သည်။ အရှုံးများနှင့် ဆက်တိုက် ရင်ဆိုင်ကြုံတွေ့နေရသည်။

    (more…)