“မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ”

Photo: CJ

“မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ”ဟုဆိုကာ ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ ဓာတ်ပုံများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

RNA_ဇန်နဝါရီ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွင် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီ “မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ” “ငါတို့အားလုံးသည် ကိုဂျင်မီ ငါတို့အားလုံးသည် ဇေယျာသော်” ဟု ဆိုကာ ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့ပြည်သူလူထုအားလုံးဟာ ကိုဂျင်မီလိုစိတ်ဓာတ် ကိုဇယျာသော်လိုစိတ်ဓာတ် မျိုးကိုကိုင်စွဲပြီးရဲရဲဝံ့ဝံ့နဲ့ မတရားတဲ့အမိန့်ဟူသမျှကိုဖီဆန် ဆန့်ကျင်ပြီးစစ်အာဏာရှင်အမြစ်ပျက်ဖို့အရေးကိုဦးတည်၍ လူထုအားလုံးညီညာစွာ စစ်အာဏာရှင်ရဲ့လက်အောက်ခံထောက်တိုင်များကိုဖြိုဖျက်ဖို့အတွက် မတရားတဲ့အမိန်ဟူသမျှဖီဆန်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်” ဟု သပိတ်တွင် ပါဝင်သူတဦးက ပြည်သူများကို ပြောကြားခဲ့သည်။

ဓာတ်ပုံ : ပေးပို့ CJ

Red News Agency

By Editor