Hero Tiger Force က အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲ ပြုလုပ်

RNA_ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်းအတွင်းက စစ်အာဏာရှင်ကို ခုခံတွန်းလှန် တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် ယင်းမာပင်မြို့နယ် အခြေစိုက် Hero Tiger Force က ဦးစီးပြုလုပ်သည့် အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲတွင် PDF အလံတော်အား အလေးပြု၍ သွေးသစ္စာသီချင်းဖြင့် ချီတက်အလေးပြုခဲ့ကြပြီး၊ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတဦးက မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ဒေသခံပြည်သူများကလည်း အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

Red News Agency

By Editor