မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

RNA_ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းအား မြိုင် PDF၊ ရေစကြို PDF၊ ဆားလင်းကြီး PDF၊ ရွှေဓားဗိုလ်တပ်ဖွဲ့တို့ ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ့ ( ၂) နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းအား ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ( ၃) မြို့နယ် ပူးပေါင်း၍( ၁) နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီီး G-3 ( ၅ ) လက် နှင့် ကျည် (၄၀၀) ၊ အူစီ (၃ ) လက်နှင့် ကျည် ( ၂၀၀)၊ ခြောက်လုံးပျူး ( ၁) လက်၊ ဗုံးသီး ( ၇) လုံး၊ လက်တော့ ( ၂ )လုံးပရင့်တာ ( ၁ )လုံး၊ ဆိုင်ကယ် ( ၄ )စီး နှင့် တခြားစစ်ဘက်အသုံးဆောင်များ သိမ်းဆည်းရခဲ့မိသည်ဟု ရေစကြို PDF ကထုတ်ပြန်ထားသည်။

ပူးပေါင်းတပ်ဖွဲ့တွေက ပုသိမ်မုံရွာလမ်းဆုံရှိ ဂိတ်စခန်းအားလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားနှင့်ရဲများ ဒဏ်ရာများဖြင့် စခန်းစွန့်ခွါထွက်ပြေး ကြကြောင်း၊ ကျန်ရစ်သည့် မိသားစုဝင် အမျိုးသမီးများ ဖမ်းဆီးရမိကြောင်း သိရသည်။

Red News Agency

By Editor