ရိုးမဖိုက်တာတပ်ဖွဲ့က လက်နက်ကြီးအပါအဝင် (၈) မျိုးထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ 

RNA_ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် ရိုးမဖိုက်တာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YOMA Fighter PDF- Yinmabin) အနေဖြင့် လက်နက်ကြီး လက်နက်ငယ်အပါအဝင် (၈) မျိုးထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရသည်။

” ကျနော်တို့ အင်အားအများအပြား ရှိနေပြီး ပစ္စည်းအစစ်ကတော့ လိုနေတာပေါ့၊ အခုက တိုက်ပွဲတွေက ပိုပြင်းထန်လာတယ်၊ လိုနေတာက လူအင်အားမဟုတ်တော့ဘူး လက်နက်လိုနေတာပါ။ အဖွဲ့ထဲမှာထုတ်နေတာရှိတယ် လက်လုပ် လက်ပစ်ဗုံး၊ မြေမြုပ်မိုင်း၊ ရှော့တိုက်ဒုံး၊ လက်နက်ကြီး လက်နက်ငယ် မိုင်းနဲ့ (၈) မျိုးလောက်ရှိတယ်။ အခုဆိုရင် နယ်ထဲမှာ စခတွေ အင်အား တော်တော်များများလာချနေပြန်ပြီ ၊ လက်နက်တွေ လိုနေပါတယ်၊ လက်လုပ်မိုင်းတွေက စောစောကတော့ ခက်ခဲတယ် ယမ်းစင်လို့ ဒဏ်ရာရကြတယ်၊ အခုကတော့ မခက်ခဲတော့ဘူး လုပ်နေတာ အသားကျသွားပြီ ” ဟု YOMA Fighter PDF- Yinmabin က တာဝန်ခံ တဦးက ပြောထားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ပုလဲမြို့နယ်အပါအဝင် အခြားမြို့နယ်များကို စစ်ကောင်စီတပ် အင်အားအများအပြားနှင့် ထိုးစစ်ဆင်နေကြောင်း၊ ယင်းမာပင်မြို့နယ် မုံရွာ – ယာကြီး လမ်းမပေါ်က ဘန့်ဘွေးရွာမှာ စစ်ကောင်စီတပ် အင်အား ရာချီ တပ်စွဲထားသည့်အတွက် ဒေသခံ ပူးပေါင်းမဟာမိတ်အဖွဲ့များ တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုများလည်း မကြာခဏပြုလုပ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် ရိုးမဖိုက်တာ၊ PRA ၊ မြောက်ယမား၊ ဗိုလ်နဂါး၊ ဂဠုန်တပ်တော် အစရှိသဖြင့် တပ်ဖွဲ့များစွာတွင် မြို့နယ် အမည်နှင့် ကျေးရွာ ဒေသ အမည်များဖြင့် ဖွဲ့စည်စထားကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမြောက်အများရှိကြောင်း၊ စစ်ကိုင်တိုင်းအတွင်း မြို့ပေါ်မှလွဲ၍ ကျေးရွာများ၊ တောတောင်များတွင် စစ်ကောင်စီတပ် စိုးမိုးမှုမရှိတော့ကြောင်း၊ တိုင်းမြို့တော် မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် အပေါင်းအပါများ မကြာခဏ တိုက်ခိုက်ခံနေရကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *