ရေဦးမြို့နယ် ယနေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၇ ဦးကျ 

RNA_ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွာမိဿကျေးရွာအနီး ယနေ့ နံနက်တွင် စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ (၇) ဦးကျဆုံးခဲ့သည်ဟု သိရသည်။

” ယနေ့မနက်ပိုင်း ရေဦးမြို့နယ် ရွာမိဿရွာအနီး စစ်ခွေးများနှင့်ထိတွေ့မှုဖြစ်စဉ်တွင် စစ်ခွေးများလည်း မူးပေါင်ပေါ်မှဆွဲချရသည်အထိ ဖြစ်ခဲ့ပြီး ပြည်သူများ၏ ပကဖ/PDF များလည်း ကျဆုံးခဲ့ရသည့်အတွက်များစွာ ဝမ်းနည်းကြေကွဲရပါတယ်။ ရဲဘော်တို့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးဖြစ်သည့်အတွက် ငြိမ်းချမ်းစွာအနားယူပါတော့ ပြည်သူချစ်ရဲဘော်တို့ရယ်” ဟု ပကဖ(ရေဦး)/ PDF(YEU)က အသိပေးထားသည်။

ယနေ့ ရေဦးမြို့နယ် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ (၇) ဦးကျဆုံးခဲ့ပြီး၊ စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှလည်း အကျအဆုံးရှိခဲ့ကြောင်း၊တိုက်ပွဲဖြစ်ပွားရာအနီးရှိ ရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့မှုများရှိကြောင်း၊ ဇေယျဝတီကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ခတ်မှုများရှိပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံထံမှ သိရသည်။

Red News Agency

By Editor