RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။
စစ်ကိုင်းတိုင်စ၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်အုပ်ကို တိုက်ခိုက်ပြန်လာသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်များကို ဒေသခံပြည်သူများက ယနေ့ ညပိုင်းတွင်း ကြိုဆိုခဲ့ကြကြောင်း သိရသည်။

တိုက်ပွဲပြန်ရဲဘော်များကို ပန်းများနှင့် အရေးတော်ပုံ အောင်ရမည်ဟု ကြွေးကြော်သံများဖြင့် ကြိုဆိုပြီး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပါ ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများထံက သိရသည်။

ကနီမြို့နယ် ဘုမ္မဇင်းအရှေ့ရွာနှင့် ထောက်ကြံ့ကုန်းရွာအနီးမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တတ်လာသည့် စစ်ရေယာဥ်အုပ်စုကို ကနီမြို့နယ် PDF တပ်ရင်း (၁)၊ မဟူရာနဂါးတပ်ရင်း၊မဟူရာကျားရိုင်းတပ်ဖွဲ့ ၊ M&K The Boys ၊ KLG Kani PDF၊ ရွှေတွိဂံတပ်ရင်း ၊KPDF (1) ၊ B 21 Kani PDF ၊KGF ပျောက်ကြားတပ်ဖွဲ့ ၊ ChinDwin Dragon ၊ DRPA CDDF ၊ မြွေပိုင်းတောင် PDFအဖွဲ့များ ၊ မဟာမိတ်ညီနောင် တော်လှန်ရေးတပ်များနှင့် ကနီမြို့နယ် ဒေသခံ ပ.က.ဖ အဖွဲ့များ စုပေါင်းပြီး ချင်းတွင်းမြစ်ကမ်းဘေး သုံးနေရာက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၁၅) ယောက်ခန့် သေဆုံးနိုင်ကြောင်း ကနီ PDF က ထုတ်ပြန်ထားသည်။



Red News Agency